ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
န၀မနေ့တွင် ဦးကြည့်မြင့် လသာ
မဲဆန္ဒနယ် က အရေးပေါ်စီမံမှုဥပဒေတွင် ပြစ်ဒဏ်များ တိုးထားခြင်းအားပြန်လည်လျှော့ပေါ့ရန်နှင့် ၀ိသမလောဘ စီးပွားရေးသမားများကို နှိမ်နှ်င်းမှုများတွင်သုံးစွဲနေခြင်းများအား ဖယ်ရီားရန် အစီအစဉ် ရှိ/မရှိမေးခွန်း။
ဒေါ်စန္ဒာမင်း ဇမ္ဗူသီရိမဲဆန္ဒနယ် မှ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ
တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်းအရေးအတွက်၊ အရေးယူခံရသည့် အမျိုးသမီးငယ်များအား ကျန်းမာရေး၊လူမှုရေးရှုထောင့်မှ ကူညီထားခြင်းနှင့် ၁၉၄၉ ခုနှစ်ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲရန် အစီအစဉ် ရှိ/မရှိမေးခွန်း အပါအ၀င်မေးခွန်းပေါင်း ၁၀ ခုနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်း ကိုတင်သွင်းခြင်း။ တောင်သူလယိသမားများ၏ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းအစီရင်ခံစာကို ဥပဒေကြမ်းကော်မတီက ဖတ်ကြားခြင်း။စသည့်အစီအစဉ်များဆွေးနွေးသွားကြမည်ဖြစ်သည်။