Wednesday, July 24, 2013

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လိမ်လည်ဝါဒဖြန့် မှုများ ဖြစ်ပေါ်နေ

ဧည့်သည်တော်မှတ်တမ်း မှာ ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးအတွက်ဆရာတော်ကြီးကိုအားကိုးလျက်ရှိခိုး               ကန်တော့ပါ၏။  
အောင်ဆန်းစုကြည်
ထိုဓါတ်ပုံကိုအကြောင်းပြုပြီး မသမာသူများက ဒေါ်အောင်ဆန်းစုကြည် မျိုးစောင့်ဥပဒေကို လက်မှတ်ထိုးနေသည်ဟု                 ရေးသားဖေါ်ပြခဲ့ခြင်းဟာ နိုင်ငံရေးကိုခုတုန်းလုပ် အမြတ်ထုတ်ဖို့ ကြိုးစားခြင်းသာဖြစ်သည်။ သတင်းများကိုရေးသားရာတွင် တာဝန်ယူမှု တာဝန်သိမှု၊ ရိုသားစွာဖေါ်ပြခြင်း၊အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်းဖေါ်ပြခြင်း၊တိုင်းပြည်နဲ့ လူမျိုးတို့ ၏ ဂုဏ်သိက္ခာကိုမထိခိုက်စေခြင်း၊လုပ်ကြံဇတ်များဖြင့် သူတပါးအားထိခိုက် နစ်နာစေခြင်း၊နိုင်ငံရေးကို ရှုပ်ထွေးအောင် လုပ်ဆောင်ခြင်း စသည်တို့ သည် မိမိ၏အကျင့်သိက္ခာနှင့် သက်ဆိုင်ပြီး ပြည်သူများမှ ယုံကြည်မှုကင်းမဲ့နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့ဒီမိုကရေစီအရေးတွင် ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ ဖိနှိပ့်ခြင်းကို                     ခံခဲ့ရကာ ၁၉၈၉ တွင် စ၍ ၁၅နှစ်နီးပါး နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပြီး နိုဝင်ဘာလ ၁၃ရက် ၂၀၁၀ ခုနှစ်မှာ   နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူလူထုကြီးအား အကြမ်းမဖက် တိုက်ပွဲဝင်ရန်၊ဒုတိယအကြိမ် ပင်လုံညီလာခံဖြစ်မြောက်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပါဝင်လုပ်ဆောင်    ကြရန် တိုက်တွန်းခဲ့သည်။ ကျန်ရှိနေသေးသော နိုင်ငံရေးအကျင်းသားများလွတ်မြောက်ရေး ကြိုးပမ်းခဲ့သည်။
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် မင်းကိုနိုင်နှင့် အခြား ၈၈ မျိုးဆက်ကျောင်းသားများက စစ်အုပ်စု၏ လောင်စာဆီဈေးနှုန်းများ အဆမတန်တိုးမြှင့်ခြင်းကို ကန့်ကွက်ဆန္ဒပြလမ်းလျောက်ခဲ့ပြီးနောက်  ၁၂ ဦး ဖမ်းဆီးခြင်းခံရသည်။တိုင်းရင်းသား   ခေါင်းဆောင်များလည်းဖမ်းဆီးခံရ၊ဒီမိုကရေစီသမားများလည်းဖမ်းဆီးခံရပြီး ၆၅ နှစ်ထောင်ဒဏ်များချမှတ်ခံခဲ့ရကာ တိုင်းပြည်အတွက် ဦးဆောင်မည့်ထိပ်တန်းခေါင်းဆောင်အားလုံး   ထောင်ထဲတွင်ထိမ်းသိမ်းခံထားရသည်။ 
၂၀၁၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီး နှစ်ပေါင်း ၂၀ကျော် အာဏာရှင်စနစ်ကို ဆန့် ကျင်လာခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တွေ့ ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တစိုက်မတ်မတ် ငြိမ်းချမ်းစွာတောင်းဆိုလာခဲ့ပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအပြောင်းအလဲ        တွင် ကြံဖွတ်အစိုးရနှင့် တွေ့ ဆုံဆွေးနွေးကာ တူညီတာများကိုပူးပေါင်းလုပ်ဆောင်ပြီး မတူညီတာများကိုခွဲခြားလုပ်ဆောင် မည်ဟု ဆုံးဖြတ်ကာ နိုင်ငံရေးအပြောင်းအလဲများစတင်လုပ်ဆောင်ခဲ့သည်။ 
 ၂၀၁၁ ခုနှစ် ၁၀လ ၁၁ ရက် ကိုဇာဂနာ၊ မစုစုနွေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ များကို NLD မှကြိုဆိုဂုဏ်ပြုခဲ့သည်၊၂၀၁၂ ခုနှစ် ၁လ ၁၂ ရက်နေ့  ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့  လွတ်မြောက်လာခဲ့သည်။နိုင်ငံရေး ခေါင်းဆောင်များပြန် လည်လွတ်မြောက်လာကာ အဖွဲ့ အစည်းများ၊ပါတီများ ပြန်လည်ထူထောင်နိုင်ခဲ့သည်။
ယခုမြန်မာ့နိုင်ငံရေးသည် ဒီမိုကရေစီ   ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့  အစပျိုးနေချိန်ဖြစ်ပြီး စစ်မှန်သောဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မရောက်ရှိ  သေးပေ၊ လက်ရှိအစိုးရသည် အာဏာရှင်မှ အသွင်ပြောင်းထားသောအစိုးရသာဖြစ်ပြီး စစ်မှန်သောဒီမိုကရေစီစံနှုန်းများ၊ လူ့ အခွင့်အရေးများ၊ဥပဒေစိုးမိုးမှုများ၊စစ်တပ်မှရေးဆွဲထားသော ၂၀၀၈ ဖွဲ့ စည်းပုံ စသည်တို့ ကို ပြင်ဆင်ရန် အဓိကလိုအပ်လျှက်ရှိသည်။ ထိုအာဏာရှင်မှဆင်းသက်လာသော အုပ်ချုပ်ရေးကြောင့် တိုင်းပြည်တွင်းမငြိမ်မသက်များဖြစ်ကာ ဆင်းရဲတွင်းမှမရုံးထွက်နိုင်သေးပေ၊အရပ်သားအစိုးရတက်လာပြီး စစ်မှန်သောဒီမိုကရေစီရရှိမှသာ တိုင်းပြည်အပြောင်းအလဲ ကိုတွေ့ မြင်ရမှာဖြစ်သည်။ အာဏာရှင်များက ဆက်လက်အနိုင်ရပါက နောက်ထပ်အနှစ်၂၀ ကျော် ဒုက္ခပင်လယ် ထဲမှာမျောနေရပေတော့မည်။ယနေ့ ဖြစ်ပေါ်နေသော လယ်မြေသိမ်းခံရမှု၊အိမ်ယာမတရားပြောင်းရွေ့ ခံရမှု၊ပြည်တွင်းစစ်မီး၊ ကလေးစစ်သား၊အမျိုးသမီးများ လူ့ အခွင့်အရေးချိုးဖေါက်ခံရမှု၊တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်၊အလုပ်အကိုင်များရှားပါးမှု၊ ဥပဒေက ပြည်သူများကို အကာအကွယ်မပေးနိုင်ခြင်း စသည်တို့ သည် အာဏာရှင်များကြီးစိုးနေသောကြောင့်ဖြစ်သည်။ ဒီမိုကရေစီအရပ်သား အစိုးရ ပေါ်ထွန်းလာအောင် မလုပ်ဆောင်နိုင်ပါက၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာကြီးနဲ့  ပြန်လည် ဆုံဆည်းရမှာကိုတော့ ကြောက်မိပါတယ်။ 
၂၀၁၂ ခုနှစ် ၁၁လ ၁၉ ရက်နေ့ တွင် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကာ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံခဲ့ပါတယ်။ထိုနည်းတူစွာ အင်္ဂလန်၊ပြင်သစ်၊နော်ဝေး ဂျပန်အစရှိတဲ့ သမ္မတနဲ့ ဝန်ကြီးချုပ်တွေ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်ထားရာမှ ထိတွေ့ ဆက်ဆံမှုတွေရရှိလာတာဟာ မြန်မာ့             နိုင်င်ငံရေးအတွက်   ထူးခြားတဲ့ လက်က္ခာဖြစ်ပါတယ်၊၊ဒေါ်အောင်ဆန်းစုကြည်မှ ထိုနိုင်ငံများကို အလည်အပတ် သွားရောက်ခဲ့ပြီး ၁၉၉၁ နှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အပါအ၀င် ဆုပေါင်း ၁၀၀ကျော်ထဲမှ တချို့ ကို လက်ခံရယူခဲ့ပါတယ်။           ထိုနောက် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ မှုတွေ ရုပ်သိမ်းပေးပြီး နိုင်ငံတော်သမ္မကြီး ဦးသိန်းစိန်နှင့်အဖွဲ့ လည်း   ရွှေလမ်း၊ငွေလမ်းပေါက်သွားပါတော့တယ်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာသာမက ကမ္ဘာကပါ လေးစားသော အမျိုးသားခေါင်းဆောင် တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံစစ်အာဏာရှင် လက်အောက်မှလွတ်မြောက်ရန် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီပြုပြင်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာအောင် ဖေါ်ဆောင်ပေးခဲ့သောသူဖြစ်သည်။မြန်နိုင်ငံ ဖွံ့ ဖြိုးတိုးတက်အောင် အဖက်ဖက်မှ ကြိုးပမ်းနေချိန်တွင် ဂုဏ်သိက္ခာကျဆင်းအောင် တိုင်းပြည်ကိုနစ်နာအောင် လိမ်လည်ဝါဒဖြန့် နေသူများအား   ပြည်သူများအနေဖြင့် စဉ်းစားသုံး သပ်ကြပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။