(၆၆)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကိုရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဌာနချုပ်)
တွင်
ဇူလိုင်လ ၁၉ရက် မွန်းလွဲ(၁း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားကိုအဖွဲ့ချူပ်
ခေါင်းဆောင်များ၊အဖွဲ့ဝင်များ၊ ပြည်သူများ၊နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှခေါင်းဆောင်များ၊
သံတမန်များတက်ရောက်
ကြ သည်။ အစီအစဉ်အရ သဘာပတိ ဦးတင်ဦး အဖွဲ့ချုပ်နာယက ကအဖွင့်အမှာစကားပြောကြားပြီး(၆၆)နှစ်
မြောက်အာဇာနည်နေ့ ကြေငြာချက်အားဗဟိုကော်မတီ
ဝင် ဦးအေးနိုင်ကဖတ်ကြားခဲ့သည်။ထိုနောက်
(၆၆) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားသို့အဖွဲ့
အစည်း အသီးသီးကပေးပို့သောသ၀ဏ်လွှာများကိုမှတ်တန်း
တင်ပြီး ဇူလိုင် ၁၆,၁၇,၁၈ ရက်နေ့များ
တွင် ကျင်းပပြုလုပ်ခဲ့သောလူငယ်ကျဘန်းစကားပြောပြိုင်ပွဲတွင်ဆုရရှိ
ခဲ့သူများကို နာယက ဦးတင်ဦး
က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က
အမှာစကားပြောကြား
ကာ မွန်းလွဲ (၂း၀၀)နာရီတွင်အခမ်းအနားပြီးဆုံးပြီးနောက်အဖွဲ့ချုပ်ဥက္ကဌ
က အဖွဲ့ချုပ် ရုံးအပြင်
ဘက်နှင့် ကားလမ်းတစ်ဖက်တချက်စီတွင်စောင့်ဆိုင်းနေသော ပြည်သူများနှင့်အဖွဲ့ချုပ်အဖွဲ့ဝင်
များကို
လည်းအမှာစကားပြောကြားခဲ့သည်။

