Wednesday, July 31, 2013

ပြည်ထောင်စုလွှတ်တော် နာယကကြီး အပြောမှာတော့ ရွှေမန်းဘဲ အလုပ်ကိုတော့ စောင့်ကြည့်ရအုံးမယ်

အတိတ်က မြန်မာနိုင်ငံ အောက်ကျနောက်ကျ ဖြစ်ခဲ့တာတွေကို အပြစ်တင်မယ့်အစား သင်ခန်းစာ
ယူတာ လုပ်ဖို့၊ အရေးတွေ အပြောတွေ ဆောင်ပုဒ်တွေထက် ပြည်ထောင်စုစနစ်ကို လက်တွေ့ အကောင်အထည် ဖော်ဖို့  အချိန်ရောက်ပြီဖြစ်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် နာယက 
အသစ် သူရဦးရွှေမန်းက ပြောပါတယ်။

သမ္မတ၊ ဒုသမ္မတ တွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ပါ တက်ရောက်တဲ့ ဇူလိုင် ၃၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ လွှတ်တော် နာယက တာဝန် ပြောင်းလဲရယူတဲ့ မိန့်ခွန်းမှာ သူရ ဦးရွှေမန်းက ခုလို ပြောလိုက်တာပါ။ သူက ဆက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အကောင်အထည် ပေါ်လာအောင် တကယ်လုပ်ကြဖို့၊ ဒီမိုကရေစီစနစ်၊ ပါတီစုံစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ကို တကယ် ယုံကြည်ကြဖို့ တက်ရောက် လာသူတွေကို တိုက်တွန်းခဲ့ပါတယ်။