skip to main |
skip to sidebar


ခုခံအားကျဆင်းရောဂါနဲ့အတူနေထိုင်နေရတဲ့ ကျမစောင့်ရှောက်မှုပေးထားတဲ့ အမျိုးသမီးလေး တွေ အတွက်သင်တန်းပေးတာပါ ဒီလိုလုပ်ဖို့အတွက်အဓိကတွန်းအားကတော့ အင်းစိန်မြို့နယ်က အင်ဂျင်နီယာအမျိုးသမီး မဥမ္မာတင်ဖြစ်ပါတယ်။အစကတော့သူက ဒီနေရာလေးမှာသူ့ရှေ့ရေးအတွက်အမျိုးသမီးဆောင်ဆောက်လုပ်ထားတာပါ နောက်တော့သူကစဉ်းစားမိပါတယ်တဲ့ အခုအချိန်မှာဆိုရင်(ငယ်ပါသေးတယ်ကျမတို့ရွယ်တူလောက်ထင်တယ်)သူရှာနိုင်ဖွေနိုင်သေးတယ် အဲ့ဒါကြောင့် ဒီနေရာလေးကိုအကျိုးရှိမယ့်နေရာတစ်ခုကို လှူမယ်စဉ်းစားနေတုန်း ဂျာနယ်တစ်စောင် ထဲမှာဒေါ်ဖြူဖြူသင်းအင်တာဗျူးမှာ လူနာတွေများသထက်များလာပြီး နေစရာရှားပါးလာတယ်ပြော တာဖတ်လိုက်ရလို့ ဒီလိုလှူဖြစ်သွားတယ် ဆိုပါတယ်။ အခုတော့ဒီနေရာကလေးမှာ အမျိုးသမီး ဘ၀တွေ တိုးတက်ဖို့လုပ်ဆောင်သွားမယ်ဆိုလို့ သူ့လှူဒါန်းမှုအတွက်ကျေနပ်ကျေးဇူးတင် တယ်ပြောပါတယ်။ နောက်တစ်ခုကတော့ စာနာသူအင်အားစုက ပေးတဲ့အလှူငွေကိုလက်ခံနိုင်ခဲ့တာပါ။သူတို့ကတစ်ဦးးကိုတစ်ထောင်နှုန်းနဲ့စုပြီးလစဉ်ပဲကျမကို လှူဒါန်းနေတာဖြစ်ပါတယ်တစ်လကိုငါးသိန်းဝန်းကျင်တော့အမြဲလိုရပါတယ်။ ဒီအတွက်လည်းကျေးဇူးတင်ပါတယ်ကောင်းမှူ နှစ် ခုပြုနိုင်ခဲ့တယ်ပေါ့ တစ်ခုကကိုယ်ကပြုတာ တစ်ခုကသူများကပြုတာဖြစ်ပါတယ်။