၁၉၈၂
နိုင်ငံသား ဥပဒေသည် ဥပဒေပညာရှင် ဒေါက်တာမောင်မောင် အပါအ၀င်
ဥပဒေ ပညာရှင်
များပါဝင် ရေးဆွဲခဲ့ပြီး ပြည်သူတရပ်လုံး၏ ထောက်ခံမှုဖြင့် လွှတ်တော်ကအတည်ပြုထားခြင်း
ဖြစ်
ကြောင်း၊ နိုင်ငံတော်၏ အချုပ်အချာ အာဏာနှင့် လုံခြုံရေးအတွက် အဓိက ရေးဆွဲထားကြောင်း
အမျိုးသားလုံခြုံရေးကို
ကာကွယ်စောင့်ရှောက်သည့် ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဖြစ်ကြောင်း
သိရှိရသည်။
၁၉၈၂ ခု နှစ် နိုင်ငံသားဖြစ်တည်မှု ဥပဒေ ဆိုသည်မှာ အမျိုးသားလုံခြုံရေးအကျိုးစီးပွားကို အကာ အကွယ်ပေးသည့် ဥပဒေ ဖြစ်သည် ။ အိမ်နီးချင်း
နိုင်ငံများ နှင့် နယ်နိမိတ်ချင်းထိစပ်နေကြသည့်
တိုင်းရင်းသားအများစု၏ ပြည်နယ်ဒေသကြီးများအတွက် မရှိမဖြစ် တည်ရှိနေရမည့် ကျူးကျော်သူ
များရန်မှ ကာကွယ်နိုင်ရေးနှင့် ခိုးဝင်ကျူးကျော်လာသူများရန်မှ ကာကွယ်ရန်အတွက် လိုအပ်သည့် ဥပဒေဖြစ်သည်။
အဘိုး / အဘွား တို့ မှာ နိုင်ငံသားဖြစ်ရမည်
ဟု 3 NRC Act က ဆိုထားသည် ။ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူတစ်ဦးသည် ကာယကံရှင်နိုင်ငံသားဖြစ်ရခြင်း၊ မိခင် /ဖခင် နိုင်ငံသားဖြစ်ရခြင်း
၊ အဘိုးအဘွား နိုင်ငံသားဖြစ်ရခြင်း ဆိုသည့် အရည်အချင်း ကန့် သတ်ချက် သုံးရပ်ပါဝင်ကြောင်း၊
၁၉၈၂ တွင်ပြဌာန်းသည့်အတွက် ဒုတိယ ကမ္ဘာစစ် ၀န်းကျင်ကာလ အထိ အကျုံးဝင်ခဲ့ကြောင်း၊ အဘိုး/အဘွား
သေဆုံးပါက မြှုပ်နှံသည့် သုဿာန် ကို ဖေါ်ပြပေးရကြောင်း
သိရသည်။
၁၉၈၂
နိုင်ငံသား ဖြစ်မှု ဥပဒေတွင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ၄ရက်နေ့မတိုင်မီ နိုင်ငံတွင်း ရောက်ရှိနေ
ထိုင်သည့်သူများမှာနိုင်ငံတွင်းမွေးဖွားသည့် သားသမီးများသည် နိုင်ငံသား လျှောက်ထားနိုင်ကြောင်း
ပြဌာန်းထားသည်။
ထိုဥပဒေ၏ အားနည်းချက် အားသာချက်များရှိပေလိမ့်မည် ခေတ်နှင့်အညီ ပြင်ဆင်သင့်သည့်အရာ
ပြန်လည်ဖြည့်စွပ်ရမည့်အရာတွင် အမျိုးသားလုံခြုံရေးကို
ကာကွယ်စောင့်ရှောက်သည့် အနေဖြင့်
တင်းကြပ်စွာ ဥပဒေကို ရေးဆွဲရမည် လျော့ရဲရဲမဖြစ်စေရ၊၊နိုင်ငံတော်၏ သစ္စာတရားကို ချိုးဖေါက်
ခြင်းမပြုရ၊ချိုးဖေါက်သူကို ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ် ငွေဒဏ် ကျပ် ၁၀ သိန်းကျခံရမည်(သို့ )
ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်မျိုးစလုံးကျခံရမည်။
တရားမ၀င်နည်းလမ်း မမှန်မကန်နည်းလမ်းဖြင့်
နိုင်ငံသားဖြစ်ရေးကြိုးပမ်းသူအား ပြစ်ဒဏ် သတ်မှတ်၍ ထောင်ဒဏ် ၅ နှစ် ငွေဒဏ် ကျပ် ၅သိန်းချမှတ်ပြီး(သို့ )ထောင်ဒဏ်နှင့် ငွေဒဏ်
နှစ်မျိုးစလုံးကျခံရမည်။နိုင်ငံသားလိမ်လည်မှု ပေါ်လွင်ပါက ပြည်နှင်ဒဏ်ပေးရမည်။
စသည်တို့ ကို တိုးမြှင့် ပြင်ဆင်ရန် အထူးလိုအပ်သည်။
လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှလည်း နိုင်ငံသားစီစစ်ရေးဝန်ထမ်းများကို တာဝန်နှင့် ၀တ္တရားကို လေးစားလိုက်နာဖို့ လိုကြောင်း ဥပဒေသည် ကျောသား၊ရင်သားမခွဲခြားဘဲ၊ လဒ်ပေးလဒ်ယူပြုလုပ်သူ ၀င်ထမ်းများနှင့် ဥပဒေ ချိုးဖေါက်သူ ၀င်ထမ်းများကို တင်းကြပ်စွာ
အရေးယူဖို့  ဥပဒေ ထုတ်ပြန်ထားရမည်။
မြန်မာနိုင်ငံတွင် လက်ရှိလူဦးရေ သန်းခေါင်းစာရင်းမကောက်ရသေးသော ကြောင့်
တိုင်းတပါးမှဝင်ရောက်လာသူများကို တိတိကျကျ စာရင်းအရမသိရှိနိုင်သေးပေ။ရန်ကုန်မြို့ 
၂၃ မြို့ နယ်တွင် တိုင်းတပါးမှဝင်ရောက်လာသူများ တနေ့ ထက်တနေ့  များပြားလာနေသည်
ကို မြို့ နယ်နေပြည်သူများ၏ ပြောကြားချက်အရသိရှိရသည်။ မြို့ နယ်တခုတွင် သိန်းဂဏန်း
အထိရှိလာနေပြီဖြစ်သည်။ထို့ အပြင် ပဲခူးတိုင်း၊တနင်္လာရီတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း
စသည့် တိုင်းနှင့် ပြည်နယ်များတွင် တိုင်းတပါးမှခိုးဝင်လာသူအများအပြားဝင်ရောက်လာနေပြီး လိမ်လည်၍ နိုင်ငံသားစီစစ်ရေးကပ်ပြားများကို ကိုင်ဆောင်ထားကြသည်။ လူဦးရေအတိအကျတွက်မည်ဆိုလျှင် ပို၍ဆိုးရိမ်ရသော အခြေအနေတွင်ရှိနေသည်။
လက်ရှိနိုင်ငံသားဖြစ်နေသူများကိုလည်း လိမ်လည်မှုရှိမရှိ တိတိကျကျ စာရင်းကောက်ယူ
မှတ်တမ်းတင်ထားသင့်သည်။ဥပဒေကို လိမ်လည်လှည့်ပြား၍ မမှန်ကန်သော နည်းလမ်းဖြင့်
နိုင်ငံသားရယူထားခြင်း၊လဒ်ပေးလဒ်ယူလုပ်ပြီး ရယူထားပါက ဥပဒေအရအရေးယူခြင်းပြုလုပ်
ရမည်။အာဏာရှင်စနစ်သည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့မှုကြောင့် တိုင်းပြည်၏ အုပ်ချုပ်ရေး မဏ္ဍိုင်၊ဥပဒေပြုရေးမဏ္ဍိုင်၊တရားရေးမဏ္ဍိုင်၊ မဏ္ဍိုင်ကြီး ၃ ရပ်သည် ယိုင်လဲခဲ့ပြီး တိုင်းပြည်ပြုပြင်
ပြောင်းလဲရေးတွင် အဓိက အရေးကြီလိုအပ်လာသည်။ယခုအချိန်မှစပြီး အစိုရ၏ အုပ်ချုပ်ရေး
ယန္တရားကို စနစ်တကျ ခိုင်ခိုင်မာမာတည်ဆောက်ဖို့ လိုအပ်လာပြီဖြစ်ကြောင်း သတိပေး
အပ်ပါသည်။
