Saturday, June 8, 2013

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မနက်ဖန် မေမြို့ မှာ လူထုနှင့်တွေ့ဆုံ ဟောပြောမည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် ဇွန်လ
 ၉ ရက်နေ့ ( မေမြို့) မဟာ အံ့ထူးကံသာ မီးပုံပျံ ကွင်းကြီးတွင် နေ့လယ် ၂ နာရီခန့်မှာ လူထုနှင့်တွေ့ဆုံကာ ဟောပြောပွဲပြုလုပ်ရန်အစီအစဉ် ရှိကြောင်း သိရပါတယ်။  
ဒေသခံများနှင့် တွေ့ဆုံရန် ရှိတဲ့အတွက် ပြည်သူများ ၀မ်းသာနေကြပြီး လုံခြုံရေး အထူးသတိထားဖို့  လိုအပ်ကြောင်း မေမြို့ ပြည်သူတွေက ဆိုပါတယ်။