အမေရိကန်ပြည်ထောင်စု
မနေ့ကထုတ်ဝေတဲ့ Time မဂ္ဂဇင်းမှာ ဆရာတော် ဦးဝီရသူကို မွတ်စလင်
ဆန့်ကျင်ရေးလှုပ်ရှားသူ ဗုဒ္ဓဘာသာ အကြမ်းဖက်ဝါဒီ အဖြစ် ဖော်ပြထားပါတယ်။
သူ့အနေနဲ့ အကြမ်းဖက်ဝါဒကို လက်ခံသူမဟုတ်တာတော့သေချာပါတယ် ဘာကြောင့်လဲဆိုတော့
သံဃာတော်တပါးဖြစ်နေလို့ ပါ။ ဗုဒ္ဓဘာသာ သံဃာတပါးဟာ ဘယ်တော့မှ လူသတ်ခဲ့တာမရှိဘူး။
ဘင်လာဒင်လို အကြမ်းဖက်သမားမဟုတ်ဘူး (Buddhist Terror)လို့  Time မဂ္ဂဇင်းက လုပ်ကြံရေး
သားတဲ့အသုံးအနှုန်းဟာ ဗုဒ္ဓဘာသာကို သိက္ခာချသလို့  ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်တဲ့ သံဃာထု
ကိုဆော်ကားထားခြင်းဖြစ်တယ်။စာနယ်ဇင်းလောကကိုလည်း ဂုဏ်သိက္ခာကျဆင်းစေသည်။
ဆရာတော် ဦးဝီရသူကို Terror လို့ ပြောရလောက်အောင် အထောက်အထားမရှိဘဲ မိမိထင်ခြေနဲ့ 
သံဃာတပါးရဲ့  အတွင်းစိတ်နေသဘောထားနဲ့  လုပ်ဆောင်မှုတွေကိုမကြည့်ဘဲ ရေးသားခြင်းဟာ
သာသနာကို ဆော်ကားလာခြင်းဖြစ်တယ်။ ဗုဒ္ဓဘာသာ သံဃာထုအနေနဲ့  ငြိမ်မနေသင့်ဘူး ပြင်းပြင်
ထန်ထန်ကန့် ကွက်ဖို့ လိုတယ်။ ဗုဒ္ဓဘာသာကို (Buddhist Terror)လို့  ပြောလာခြင်းဟာ သံဃာ
အားလုံးကို သိက္ခာချတာဖြစ်တယ်။သီရိလင်္ကာ ထိုင်း မြန်မာနိုင်ငံတွေမှာတည်ရှိတဲ့ ဗုဒ္ဓဘာသာကို
အကြမ်းဖက်ဘာသာတခုအဖြစ် အစွန်းရောက်ဘာသာဝင်များအသွင်းဆောင်ရေးသားထားခြင်းသည်။
သာသာရေးအရနိုပ့်ကွက် ထိုးနှက်ထားသော Time မဂ္ဂဇင်းကို နိုင်ငံတကာမှ ဗုဒ္ဓဘာသာအဖွဲ့ အစည်း
များမှ ထိရောက်စွာ အရေးယူသင့်သည်။
အစိုးရများအနေနဲ့ လည်း သာသနာ ၂၅၀၀ လောက်ထဲက ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံရဲ့  အထွဋ်အမြတ်ထားတဲ့ ဗုဒ္ဓဘာသာကို ဆော်ကားခြင်းမှာ ငြိမ်မနေသင့်ဘူး။ Time မဂ္ဂဇင်းကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် ၀ိုင်းဝန်းကန့် ကွက်ကြပါစို့ ။ပြည်တွင်းသတင်းဂျာနယ်များအနေဖြင့်
တုန့် ပြန်သင့်တယ်။