Wednesday, June 12, 2013

မင်းကိုနိုင်နှင့်ကိုကိုကြီး အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိ

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှတဆင့် လေကြောင်းခရီးဖြင့် ယနေ့ဇွန်လ
 ၁၂ ရက် နံနက် ၈း၅၀ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်။ မင်းကိုနိုင်နှင့်ကိုကိုကြီးတို့နှစ်ဦးအား ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ လှိုင်သာယာစက်မှုဇုံမှ အလုပ်သမားများ၊လယ်သမားများ၊ ကျောင်းသားသမဂ္ဂဖြစ်မြေက်ရေးအဖွဲ့ဝင်၊ ကျောင်းသားကျောင်း
သူများ၊ တ.က.သ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများ၊ ဗ.က.သ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများ၊ ဦးမြကြိုင်ကျောင်းမှ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများနှင့် ၈၈မျိုးဆက်အဖွဲ့ဝင်များ အင်အား ၅၀၀ ခန့်က ပန်းစည်းများ၊ အလံငယ်များ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။