Wednesday, June 5, 2013

၂၀၁၂ ဒီမိုကရေစီဆု ကိုမင်းကိုနိုင် လက်ခံရယူ

ဂျွန်လ ၄ ရက် ၂၀၁၃ မှာ အန်အီးဒီ က ၂၀၁၂ ဒီမိုကရေစီဆု ကို ကိုမင်းကိုနိုင်ကိုပေးအပ်ချီးမြှင့်ပါတယ်။ ဦးခွန်ထွန်းဦး ဒေါက်တာစင်သီယာမောင် ကိုကျော်သူ နဲ့ ကိုအောင်ဒင် တို့နဲ့အတူဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်က အခုမှ ဒီဆုကို လက်ခံရယူနိုင်တာဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေးအကျဉ်းသား ဒီမိုကရေစီဘက်တော်သား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကို အမေရိကန်နိုင်ငံရေးသမားတွေက အမေရိကန်လွှတ်တော်ထဲမှာ   လေးစားစွာ ဂုဏ်ပြုကြပါတယ်။