မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ သတင်းပညာဟာ စတုတ္ထမဏ္ဍိုင်အဖြစ် အရေးကြီးတဲ့အခန်းကဏ္ဍမှ
ပါဝင်နေပါသည်။သတင်းသည် ပြည်သူများအတွက် အသိပညာတိုးပွါးစေဖို့ ရည်ရွယ်ပြီး မတရားမှုများ
ပပျောက်စေရေးနှင့် စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ရှိစေရန် သတင်းကဏ္ဍများ၏
ရိုးသားဖြုစင်စွာ အရှိကိုအရှိအတိုင်း ဖေါ်ပြဖို့ လိုအပ်ပြီး ပြည်သူများ၏ အခက်အခဲများနှင့်
အလုပ်သမား လယ်သမားများ၏ မတရားအနိုင်ကျင့်ခံရမှုများကို မှန်မှန်ကန်ကန် ဖေါ်ပြသင့်ပါသည်။
ထိုတူစွာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးများကိုလည်း ဖွံ့ ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး
ပြည်သူများ လေ့လာနိုင်စေရန် သတင်းကဏ္ဍများကို ရိုးသားစွာဖေါ်ပြမှသာလျှင် သတင်းပညာလောက ဟာ စတုတ္ထမဏ္ဍိုင်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည်ဖြစ်သည်။
သတင်းသမားအချို့ သည် အခွင့်အရေးယူကာ ကိုယ်ကျိုးရှာနေကြသည်ကို တွေ့ မြင်ရပြီး တိုင်းပြည်နှင့်
လူမျိုး အမျိုးဘာသာ သာသနာကိုမထောက် လိမ်လည်လှည့်ဖျား၍ မဟုတ်မမှန်သတင်းများဖေါ်ပြမှု ကြောင့် သတင်းလောကကို ဂုဏ်သိက္ခာကျဆင်းစေသည်။အခွင့်အရေးယူ ကပ်ဖါးရပ်ဖါး သတင်း ဌာနများနှင့်သတင်းသမားများကို လူ့ အသိုင်းအ၀ိုင်းမှကျင်၍ မှတ်သားလောက်အောင် ပညာပေး သင့်သည်။
