Tuesday, June 18, 2013

အလုပ်သမားရေးရာကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သော   ကော်မတီများအနက် အလုပ်သမားရေးရာကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို၊၂၀၁၃ခုနှစ် ဇွန်လ ၁၈ရက်နေ့က အဖွဲ့ချုပ်(ဗဟို)ရုံးတွင် ပြုလုပ်ခဲ့သည်။
ကော်မတီဥက္ကဌ ဦးဝင်းထိန်က NLDအလုပ်သမားကော်မတီ၏ လုပ်ငန်းတာဝန်များကိုရှင်းပြပြီ
း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) နှင့်ချိတ်ဆက်အလုပ်လုပ်ရန်ဆွေးနွေးခဲ့သည်။       ကော်မတီဝင်များက ILO၏ မူအရမြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂပေါ်ပေါက်ရေးကို ဦးတည်ရမည်ဖြစ်ပြီး အစိုးရဧ။်ခွင့်ပြုချက်အရ ပြည်တွင်း၌ အလုပ်သမားသမဂ္ဂများ အသီးသီးပေါ်ပေါက်နေပြီဖြစ်သည်။သို့သော် ထိုသမဂ္ဂများသည် နိုင်ငံရေးပါတီများ၏ သြဇာနှင့် ကင်းကွာရမည်ဟုပါရှိနေရာ ကော်မတီအနေဖြင့် အလုပ်သမားပြဿနာများကို သိမ်မွေ့စွာ ကိုင်တွယ်ရမည်ဖြစ်ကြောင်းနှင့် အလုပ်သမားရေးရာကော်မတီများကို မြို့နယ်အဆင့်ထိဖွဲ့စည်းစေ       ရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရမည့်နည်းလမ်းများကို စာဖြင့်ပြုစုပေးပို့နိုင်ရန် အပြန်အလှန်   ဆွေးနွေးခဲ့ကြသည်။
အလုပ်သမားရေးရာကော်မတီအနေဖြင့် ယခုရောက်ရှိနေသော တိုင်ကြားစာများနှင့် ပတ်သတ်၍   ကော်မတီဝင်များက ၀င်ရောက်စွက်ဖက်မှုမျိုးကို ရှောင်ရှား၍ အလုပ်ရှင်နှင့်အလုပ်သမားတို့အကြား   ပြဿနာများကို ဥပဒေကြောင်းအရ အကြံပေးခြင်း၊ ရှင်းပြခြင်းတို့ဖြင့် ပြေလည်အောင်ဆောင်  ရွက်ရန် နှင့် အစိုးရက ပြဌာန်းထားသော အလုပ်သမားအခွင့်အရေး ပြဌာန်းချက်များကို တရားမဲ့စွာချိုးဖောက်မှုများအား ကာကွယ်နိုင်ရန် ရည်ရွယ်ကြောင်းလည်း သိရသည်။
အလုပ်သမားရေးရာကော်မတီ ဥက္ကဌအဖြစ် ဦးဝင်းထိန်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိတ္ထီလာမြို့နယ်)၊ အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော   ဒေါ်ခင်ဌေးကြွယ်(မော်လမြိုင်)၊ ဦးမန်းဂျော်နီ (မြောင်းမြ)နှင့် ဦးမြင့်သိန်း(မကွေး)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကြည်ဝင်းနှင့် ဦးတင်ဝင်း၊ရန်ကုန်တိုင်း ဥက္ကဌ ဦးမြင့်ဌေး၊ အကြံပေးအဖွဲ့ဝင်အဖြစ် ဒေါ်အိရွှေစင်ညွှန့်နှင့် ဒေါ်ခင်မူမူအောင်တို့ပါဝင်သော အဖွဲ့ဝင်(၉)ဦးဖြင့်   မေလ(၇)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။