Sunday, June 30, 2013

စစ်မှန်တဲ့ ဒီမိုကရေစီ အခိုင်အမာတည်ဆောက်ဖို့  ၂၀၀၈ အခြေခံဥပဒေကို ပြင်ရမည်



သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင်   ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထားတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။

ပြန်ကြားဝန်ကြီးဌာန ဒုတိယဝန်ကြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ဒီနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိတဲ့အတွက် အစိုးရတစ်ခုတည်း မဟုတ်ဘဲ သတင်းမီဒီယာတွေအပါအဝင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားလုံးကလည်း ပဋိပက္ခတွေ မဖြစ်ပွားအောင် ၀ိုင်းဝန်းထိန်း
သိမ်းပေးဖို့ အများကြီးလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင်   ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထား
တယ်ဆိုရင် အစိုးရက ဘာကြောင့် စစ်တပ်ကတဘက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အမြန်
ဆုံးပြင်ဆင်ရန် မကြိုးစားတာလဲ။ဒါကိုဘာကြောင့် ၀န်ကြီးတွေမပြောတာလဲ လက်ရှိ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေနဲ့  စစ်မှန်တဲ့ဒီမိုကရေစီ တည်ဆောက်လို့ မရဘူး။ အောက်ပါ
ဥပဒေ အထောက်အထားများကို မပြင်ဆင်ရင် ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင်
 ဖော်ဆောင်လို့ မရဘူးဆိုတာ သက်သေပြလိုပါတယ်။
ပုဒ်မ (၁၄) လွှတ်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများသည် ပြည်သူဆန္ဒမပါဘဲ ၂၅ ရာနှုန်းပါဝင်နေသည့်ကိစ္စ။

ပုဒ်မ (၄၉) တိုင်းရင်းသားများ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင်ရှိရေး (၈ ပြည်နယ်မူ)ကိစ္စ။

ပုဒ်မ (၅၉)  နိုင်ငံခြားသားနှင့်လက်ထပ်ထားသူ မိသားစုသည် တိုင်းတပါး၏ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”ကိစ္စ

ပုဒ်မ(၆၀) တပ်မတော်က လွှတ်တော်ကဲ့သို့ သမ္မတတစ်ဦး ရွေးချယ်နိုင်ခွင့်ပေးအပ်ထားခြင်းကိစ္စ။

ပုဒ်မ (၇၄)အပါအ၀င် ပြည်နယ်လွှတ်တော်အဆင့်ဆင့်ဖွဲ့စည်းမှုများကို ထိန်းချုပ်ထားသည့်ကိစ္စ။

ပုဒ်မ (၂၀၀- ၄၁၀) အပါအ၀င် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း စတဲ့ကိစ္စ။ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီထံ ဝကွက်အပ်ထားတယ်ဆိုတဲ့အချက်။တရားဝင်အာဏာ
သိမ်းခွင့် ပေးအပ်ထားခြင်းကိစ္စ။

ပုဒ်မ (၄၃၆) မှာ ဖေါ်ပြထားတဲ့ ပုဒ်မတွေဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ပုဒ်မတွေ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေး ထားတဲ့ကိစ္စ။

ပြည်ထောင်စုဝန်ကြီးတွေ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကိုပြင်ဆင်ဖို့ လိုအပ်နေပါတယ်။
ထိုနည်းတူစွာ နိုင်ငံတော်အကျိုးစီးပွားအတွက် ပြင်ဆင်သင့်သည့် ဥပဒေများလည်းများစွာ ကျန်ရှိ
နေသေးပါတယ်။နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်လျှက်ရှိပြီး
ပြည်သူပြည်သားတွေကို မလိမ့်တပတ်နဲ့   သတင်းမီဒီယာတွေအပါအဝင် အရပ်ဖက် လူမှုအဖွဲ့
အစည်းတွေ အားလုံးကလည်း ပဋိပက္ခတွေ မဖြစ်ပွားအောင် ၀ိုင်းဝန်းထိန်းသိမ်းပေးဖို့ပြောနေတာ
ဟာ ဆင်ခြေပေးနေတာဖြစ်တယ်။ဥပဒေစိုးမိုးမှုရှိမှ ပြည်သူတွေရဲ့  ဘ၀တွေလုံခြုံမှာဖြစ်တယ်။
ယခုဖြစ်ပေါ်နေတဲ့ ပဋိပက္ခတေဟာ ဥပဒေစိုးမိုးမှုမရှိလို့  ဆူပူမှုတွေကို နိုင်ငံရေးဖန်တီးသူတွေ
က လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ 

ဒီမိုကရေစီနည်းလမ်းမကျတဲ့ပုဒ်မတွေ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုအကျိုးစီးပွား
ကို ထိန်းသိမ်းကာကွယ်ပေး ထားတဲ့အချက်တွေလည်း ဖြစ်နေပါတယ်။ ဒီမိုကရေစီမကျတဲ့ မလိုအပ်
တဲ့ ဥပဒေကိုပြင်ဆင်ဖို့  ၀န်ကြီးဦးစိုးသိန်း နားလည်ရဲ့ သားနဲ့  ထိုင်ခုံပြုတ်မှာစိုးလို့  အသံတိတ်နေ
တယ်။