Monday, June 3, 2013

သက်သေတင်ပြမှု မခိုင်လုံသည့်အတွက် ပုဒ် ၁၅၃(က) အား ရုပ်သိမ်း

  ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား သာကတေတရားရုံးမှ မူလစွဲဆိုထားသည့် ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၅၃ (က) အား ရုပ်သိမ်းပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ဆက်လက် တရားစွဲဆိုသွားမည်ဟု သိရပါသည်။ သက်သေတင်ပြမှု မခိုင်လုံသည့်အတွက်ဟု အကြောင်းပြကာ တရားလိုဘက်မှ အမှုရုပ်သိမ်းပေးဖို့ သာကေတ တရားရုံးကို ဦးတိုက်လျှောက်ထားသည့်အပေါ် တရားသူကြီးမှ လက်ခံပြီး အခုလို ပုဒ်မချိန်းပြီး ပြောင်းလဲ တရားစွဲခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။ လာမည့် ဇွန်လ ၁၇ ရက်နေ့တွင် ကိုရဲမင်းဦးအား သာကတေ တရားရုံးမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဆက်လက်တရားစွဲရန် ရုံးချိန်းသတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။         BURMA VJ