ရှမ်းပြည်နယ် မြောက်ပိုင်း မိုးကိုးမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်
(KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် အစိုးရစစ်တပ်များနှင့်
တင်းမာမှုများ ရှိနေဆဲဖြစ်ပြီး ဒေသခံ ရွာသားများလည်း တဖက်နိုင်ငံသို့
ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပြီး KIO နှင့် အစိုးရတို့သည်
စစ်ရေး ထိတွေ့မှုများ လျှော့ချနိုင်ရန်
ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီး
နား မြို့တွင်
ဆွေးနွေးခဲ့ကြပါသည်။ ယင်းဆွေးနွေးပွဲတွင် နှစ်ဖက်ကြား ပစ်ခတ်
တိုက်ခိုက်မှုများ
လျော့ချပြီး တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရန် တပ်နေရာ
ချထားမှုများ ညှိနှိုင်း ဆောင်ရွက်သွားရန်တို့
ပါသော သဘောတူ ညီချက် (၇) ချက်
ရရှိခဲ့သည်။ တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် ဆွေးနွေးခဲ့သည်။
SSPP/SSA မြောက်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်
ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၏ စခန်းတခုကို အစိုးရတပ်က
ဇွန်လ ၂၄ ရက်နေ့တွင် စတင်တိုက်ခိုက်ကြောင်း၊ ထို့နောက် ဇွန်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့
သည်။
ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌက ဦးအောင်မင်းက
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဇွန်လ ၂၈ ရက်နေ့က လွှတ်တော်မှာ
လာရောက်ရှင်းလင်းခဲ့ပါတယ်။
ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရရွှေမန်းက အမေရိကားတွင် ၉၆၉ နှင့်ပါတ်သက်၍ ဝေဖန်ပြောဆို ခဲ့ပြီး ၆လပိုင်း ၁ ရက်နေ့ ထုတ် Time မဂ္ဂဇင်းမှ ဗုဒ္ဓဘာသာကို အကြမ်းဖက်ဘာသာအဖြစ်
ရေးသား လာခြင်းကို သတင်းမီဒီယာများနှင့် ပြည်သူများကကန့် ကွက်မှု့ ကြောင့် အစိုးရမှ ကန့် ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ရေးသား လာခြင်းကို သတင်းမီဒီယာများနှင့် ပြည်သူများကကန့် ကွက်မှု့ ကြောင့် အစိုးရမှ ကန့် ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အစိုးရအဖွဲ့ ၊လွှတ်တော်၊စစ်တပ် တို့ က
ထိမ်းချုပ်ထားပါတယ်။ဒီအပြင် လိုအပ်လျှင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့တွင် ဗိုလ်ချုပ်ကြီး ၆ ဦးနဲ့  စစ်ဗိုလ်လူထွက် ၄ ဦး၊ ဒု-သမ္မတ စိုင်းမောက်ခမ်းက အရပ်သား ၁ဦး
တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာကိစ္စတွေကို ဆုံးဖြတ်ကြပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စမှာ
နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ ထောက်ခံချက်နဲ့အညီ
လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးအတွက် အစိုးရတာဝန်ရှိသူ
သမ္မတ၊လွှတ်တော်၊စစ်တပ်တို့ ၏ ဖေါ်ဆောင်ရေးလုပ်ငန်းစဉ်တွေဟာ စနစ်တကျလုပ်ကိုင်
ဆောင်ရွက်ခြင်းမရှိတာကိုတွေ့ ရပါတယ်။ လွှတ်တော်ဥက္ကဌက ကန့် ကွက်လိုက် သမ္မတက ထောက်
ခံတယ်ပြောလိုပြော၊ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီရဲ့ဆွေးနွေးပွဲရဲ့  သဘောတူညီချက် အပြစ်အခတ်ရပ်ဆဲရေးလုပ်ငန်းစဉ်ကို လက်တွေ့ 
ကျကျအကောင်အထည်မဖေါ်ဆောင်နိုင်ဘဲ တဘက်မှဆွေးနွေး တဘက်မှာစစ်ပွဲတွေဖြစ်နေပြီး
ပြည်သူတွေသာ ဒုက္ဒသည်တွေအဖြစ် ဓါးစာခံဖြစ်နေရတယ်။
လွှတ်တော်မှာလည်း နိုင်ငံရဲ့  အသက်သွေးကြောဖြစ်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်
ရေး နိုင်ငံတကာအဆင့်တန်းမှီတဲ့ ဖွဲ့ စည်းပုံဖြစ်ဖို့ ၊လွတ်လပ်၍တရားမျှတဖို့ ၊ဥပဒေစိုးမိုးမှုရှိပြီး ပြည်သူ
တွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့  စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို လျှောက်လှန်းဖို့ 
မဆောင်ရွက်ကြဘူး။မြန်မာနိုင်ငံမှ ယနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ပညာရေး၊ စီးပွားရေး၊ဘာသာရေး ပြဿနာတွေဟာ အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး ၃ရပ် အပြန်အလှန်ညီမျှမှုမရှိသောကြောင့်
ဒီ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။ဒါကြောင့် အခြေခံဥပဒေကို ခိုင်မာအောင်တည်ဆောက်
နိုင်ရန်အတွက် လွှတ်တော်နဲ့ ပြည်သူပူးပေါင်းပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ဖို့ 
လိုသလို အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်များကိုလည်း ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ဖို့ 
လိုအပ်ပေသည်။
တိုင်းပြည်ဖွံ့ ဖြိုးတိုက်တက်အောင် ပြည်သူတွေအလုပ်အကိုင်တွေရရှိအောင် ရင်းနှီးမြုတ်
နှံမှုတွေ ၀င်ရောက်လာအောင် မကြိုးစားကြဘဲ အပြောသက်သက်သာရှိပြီး အလုပ်မှာ
ချိုမိုင်မိုင်ကတဲ့ အစိုးရ၊ ပြည်သူ့ အကျိုးစီပွားအတွက် လက်တွေ့ မှာ အကောင်
အထည်ဖေါ်မှု မရှိကြောင်း တွေ့ မြင်ရပါသည်။
တိုင်းပြည်ဖွံ့ ဖြိုးတိုက်တက်အောင် ပြည်သူတွေအလုပ်အကိုင်တွေရရှ
နှံမှုတွေ ၀င်ရောက်လာအောင် မကြိုးစားကြဘဲ အပြောသက်သက်သာရှိပြီး အလုပ်မှာ
ချိုမိုင်မိုင်ကတဲ့ အစိုးရ၊ ပြည်သူ့ အကျိုးစီပွားအတွက် လက်တွေ့ မှာ အကောင်
အထည်ဖေါ်မှု မရှိကြောင်း တွေ့ မြင်ရပါသည်။
