Sunday, June 16, 2013

လက်ကျန်နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီ က စတုတ္တအကြိမ်မြောက်အစည်းအဝေး ကျင်းပ

ယနေ့ ၁၆.၆.၂၀၁၃ ခုနှစ် မွန်းတည့်၁၂း ၃၀ တွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာရေး အတွက် စတုတ္တအကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်မြို့ Myanmar Peace Center ရုံးတွင်ကျင်းပလျက်ရှိပါသည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်၊ စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဌ ဦးဥာဏ်ဝင်း၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်းမှ ဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှေုာက်ရေး အသင်း(AAPP) မှကိုဘိုကြည်၊ နိုင်ငံရေးအကျဥ်းသား ဟောင်းများ အဖွဲ့ မှ ကိုရဲအောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ ချုပ်မှ ကိုညိုထွန်း၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( SNLD) မှ ဦးစိုင်းညွှန့် လွင်၊တို့ နှင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား (၁၅၅)ဦးရှိကြောင်း၊ နှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်မြောက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည် ဟု နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုတော်ကီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် သို့ ပြောကြားသွားပါသည်။