Thursday, June 27, 2013

လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် သိဖို့  လဒ လောက်တော့ ဌက်တိုင်းလှတယ်

 လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်
(ဓာတ်ပုံ – ညိမ်းပြည့်စုံ / ဧရာဝတီ)


 ဦးစစ်မြိုင်
အမျိုးစောင့် ဥပဒေ ဆိုတာက လောကီရေးရာ ဖြစ်နေတဲ့အတွက် ပုထုဇဉ် လူပုဂ္ဂိုလ်တွေရဲ့ အလုပ်ပါ။   နောက်ပြီး ဥပဒေတခုကို ဆွဲမယ်ဆိုရင် နားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေကသာ ရေးဆွဲရမှာလေ။ ဆွဲချင်တဲ့ သူက ဆွဲချင်တိုင်း ဆွဲလို့ မရဘူး။ ဒီတော့ နိုင်ငံတော်က တာဝန်ရှိသူများက ရေးဆွဲပြီးတော့ တင်သွင်းတဲ့ ဥပဒေကြမ်း ဆိုရင်တော့ ကျနော်တို့ ပြောစရာ ရှိလာမှာပေါ့။ 


လူ့ အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးကြီး ဦးစစ်မြိုင်ခင်ဗျာ စစ်အစိုးရက ၂၀ စုနှစ်နဲ့ ချီပြီး
ဥပဒေချိုးဖေါက်ခဲ့တာတွေ၊ယခုလက်ရှိ တိုင်းရင်းသားဒေသတွေမှာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရ
တာတွေ၊၂၀၀၈ အခြေခံဥပဒေကို စစ်တပ်က တဖတ်သတ်အဓမ္မရေးဆွဲခဲ့တာတွေကို ဘာကြောင့်
ယနေ့ အချိန်အထိ နူတ်ပိတ်နေတာလဲ နိုင်ငံတော်ကတင်သွင်းတဲ့ ၂၀၀၈ ဥပဒေကို ပြင်ဆင်ဖို့ 
လူ့ အခွင့်အရေးရှု့ ဒေါင့်က လွှတ်တော်ကိုတင်ပြသင့်ပြီ ဘာကြောင့်မတင်ပြတာလဲ ပြည်သူတွေ
အတွက် အကျိုးရှိမဲ့ အလုပ်ကိုတော့  လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးကြီး မသိခြင်ရောင်
ဆောင်နေပါလား ကြီးကြီးကျယ်ကျယ်တွေ ရှောက်မပြောနဲ့  နေရာမပြောက်ချင်ရင် ငြိမ်ငြိမ်နေ။
 ဥပဒေကိစ္စပြောရဲရင် ၂၀၀၈ ကိုပြင်ဖို့ ဦးသိန်းစိန်အစိုးရကို လူ့ အခွင့်အရေးဘက်က ဝေဖန်ပြော
ပြောဆိုမှုတွေ လုပ်သင့်ပြီ။ပြည်သူတွေက နလပိန်းတုံးတွေမဟုတ်ဘူး လဒ လောက်တော့ ဌက်တိုင်းလှတယ် သိထား။

ယနေ့ အင်းစိန်အောင်ဆန်းတောရတပ်ဦးကျောင်း၌ပြုလုပ်သော သံဃာ့အစည်းအဝေးမှ                        အမျိုးစောင့်ဥပဒေသည် အများထင်နေသကဲ့သို့ ဦးဝီရသူရေးဆွဲခြင်းမဟုတ်ဘဲ နိုင်ငံတ၀န်းရှိ ဆရာတော်ကြီးများ၏ သြ၀ါဒစီစဉ်ဦးဆောင်မှုဖြင့် ဥပေဒေပညာရှင်များ ပူးပေါင်းရေးဆွဲထားကြောင်း   ယနေ့ အင်းစိန်အောင်ဆန်းတောရတပ်ဦးကျောင်း၌ပြုလုပ်သော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် တက်ရောက်လာသော ဆရာတော်များက မိန့်ကြားခဲ့သည်။