Thursday, June 13, 2013

ေ၇ွှပြည်တော် မျှော်တိုင်းဝေး

ကဲ.. ဘယ်လောက်ပဲ မင်းသား ဟန်ဆောင်ဆောင် ဘီလူးရုပ်က အချိန် တန်တော့ လည်းထွက် ကျလာတာပဲ မဟုတ်လား..

ေ၇ွှမန်းက က သမ္မတဖြစ်ချင်ပါတယ် ဆိုပဲ... ဒီစကားပြော ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ ရသလဲ မသိတာ..
သူအခင်း အကျင်းနဲ့ သူ့ အကွက်နဲ့ ကတော့ အံကိုက်ပါပဲ...ဒါဆိုရင်ေ၇ွးကောက်ပွဲ    တောင်ကျင်း ပစရာမလိုပါဘူး.. အဖြေက ထွက်နေပြီးဖြစ်နေလိုပါ..

အခုသမ္မတ ကသိန်းစိန်.. နောက် သမ္မတ ရွှေမန်း ကြံ့ဖွံ ပေါ့ဗျာ....အခြေ ခံ ဥပဒေ ကတော့ ၂၀၀၈ ပေါ့ ဗျာ..ပြင်လို့မှ မရတာ.. ဘဘ ကြီးရဲ့ အစီမံ တွေကိုး....အခြေ ခံ ဥပဒေ က ပြင် ဖို့ က လွှတ်တော်     ထဲမှာ ၂၅ % ပါဝင်နေတဲ့ စစ်သား ကိုယ်စားလှယ် တွေ ထောက်ခံ မှ ဖြစ်မှာလေ ဗျာ.. အဖြေ ကရှင်း  နေဲပြီး သားပဲ။

ဒီအတွက် ဘာတွေ ပြင်ဆင်ထားခဲ့ သလဲ.. ကြို တင်ပြီး ပြင်ဆင်ထားခဲ့တာ ခင်ဗျ.လူမျိုးရေး ဘာသာရေး   ပြသနာတွေ ဖန်တီးမယ်..လိမ်မယ် ညာမယ် မဟုတ်ကဟုတ်ကတွေ ပြော မယ်..၉၆၉တို့ ၃၆၃ တိုတွေ ဖွဲမယ်..တိုင်းရင်းသား အချင်း ရန်တိုက်ပေးမယ်...ပြည်သူတွေ အားကိုးနေတဲ့ ခေါင်းဆောင်ကို လည်း အမျိုး မျိုးသောနည်းလမ်းတွေ နဲ့ အကွက်ဆင် လုပ် ကြံ မယ်...လန်ကြုတ် သတင်းတွေ လွှင့် မယ်.... ပြီးရင် မဟုတ်ပါဘူး လို့ ပြန်ပြောမယ်..ဒီအကွက်တွေက လုပ်လာ တာနှစ် ၄၀ ကျော် ခဲ့ ပြီလေ။

သူတို့ တော်နေလွန်းလို့ မဟုတ်ပါဘူး ကျွန်တော်တို့ ပြည်သူတွေကညံ့လွန်းနေတာ လားလို့ တစ်ခါတေလေ တွေးမိတယ်..ဟိုလို သွေးခွဲ ရင် ကွဲ လိုက်.. ဒီလို သွေးခွဲ ရင် ကွဲ လိုက်..
၂၀၁၅ သမ္မတဟာ ရွှေမန်း (သို့ ) သူတို့ ရဲ့  အာဏာရှင်တွေထဲကဘဲ ဖြစ်မှာဆိုတာ သိန်းစိန်တို့   ရွှေမန်းတို့ က အရိပ်အမြွက်သာမက စကားနဲ့ ပါ ထုတ်ပြောလာနေပြီဆိုတာ သိကြဖို့  ကောင်းပါပြီ။

အင်း.. ဒီအတိုင်းဆိုရင်တော..ကျွန်တော်တို့တွေ မျော်မှန်းထားတဲ့ ဒီမိုကရေစီ နိုင်ငံ ဆိုတာေ၇ွှပြည်တော် မျှော်တိုင်းဝေး ဖြစ်နေ ပြီလား မသိတော့ ပါဘူဗျာ။
မှတ်ချက်
အခြေခံဥပဒေပြင်ဆင်မှ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို သွားနိုင်မယ် ပြည်ထောင်စုစနစ်ကို ထူထောင်    နိုင်မယ် အခြေခံဖြစ်တဲ့ လူမှုဘ၀တိုးတက်ရေးနဲ့  တိုင်းပြည်စီးပွားရေးတိုးတက်မယ်။ဒါကြောင့်       ပိတ်ပင်တားဆီးမှုတွေနဲ့  အာဏာရှင်တွေအတွက်အကာအကွယ်ပေးထားတဲ့  တရားမျှတမှုမရှိတဲ့    အခြေခံဥပဒေကို ပြင်ဆင်ဖို့  ပါတီတိုင်းမှာတာဝန်ရှိသလို နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်။ သမ္မတက အခြေခံဥပဒေကို ပြည်သူ့ ဆန္ဒခံယူပြီးအတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဒါဆိုရင် အခြေခံဥပဒေ   ပြင်ဆင်ဖို့ လည်း ပြည်သူ့ ဆန္ဒခံယူဖို့  အခွင့်အရေးရှိတယ်။
အာဏာရှင်ကို သက်ဆိုးရှည်အောင် ဖန်တီးထားတဲ့ အခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်ကြပါစို့ ။