Tuesday, January 29, 2013

အမေရိကန် အဖွဲ့ NLD ကိုယ်စားလှယ်များနှင့်တွေ့ဆုံ


















2013-1-29
အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အခြေဆိုက် UNITES STATE INSITUTE OF PEACE အထက်တန်း  အရာရှိ Lindas S. Bishai နှင့် Deabra Liang-Fenton တို့အဖွဲ့သည် ဇန်န၀ါရီလ ၂၉ ရက် ညနေ     ၄နာရီ ၃၀ မိနစ်က နေပြည်တော်စည်ပင်ရိပ်သာရှိ UNISON စားသောက်ဆိုင်အစည်းအဝေးခမ်းမတွင် အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးအုန်းကြိုင်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်     မောင်၊ ဦးအောင်ကြည်ညွှန့် ၊ ဦးဝင်းမြင့်တို့နှင့်တွေ့ဆုံသည်။ NLD ၏ ပြည်သူ့လွှတ်တော်တွင်း ဒီမိုကရေစီပြောင်းလဲရေး ကြိုးပမ်းဆောင်ရွက်နေမှုများ ပါတီညီလာခံကျင်းပနိုင်ရေးအတွက် ရပ်ကွက် မြို့နယ်ညီလာခံများ ကျင်းပနေမှုအခြေအနေများကို မေးမြန်းသည်။ NLD လွှတ်တော်ကိုယ်စားလှယ် များနှင့် အဖွဲ့ဝင်များ စွမ်းရေမြှင့်တင်ရေး အကူအညီပေးလိုကြောင်းနှင့် အလားအလာများကိုဆွေးနွေး ကြသည်။