Wednesday, January 30, 2013

ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့်ခွန်း

 ၂၀၁၃-၁-၃၀                                                                                                                      ဇန်နဝါရီ 30 ရက်နေ့ ပြောင်ချန်းအိုလံပစ် Global Development Summit တွင်မိန့်ခွန်းပြောကြားခဲ့ရာ         မသန်မစွမ်းသူများကို ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဘဲ တဦးနဲ့ တဦး ရင်းနှီးစွာဆက်ဆံ၍ စုပေါင်းလုပ်         လုပ်ဆောင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဟု ပြောကြားခဲ့သည်။

ကျမ ပါဝင်ခဲ့တဲ့ အခမ်းအနားတွေ အားလုံးထဲမှာ ဒီအခမ်းအနားကတော့ စိတ်ကို အလှုပ်ခတ်နိုင်ဆုံးနဲ့ အားတက်စရာအကောင်းဆုံးပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ အားကစားသက်သက်ကိုသာ ကျင်းပနေတာမဟုတ်ဘဲ အရာအားလုံးထက် ပိုအရေးပါတဲ့ လူ့သားရဲ့ စိတ်ဓါတ်ခွန်အား ကြီးကျယ်မှုစွမ်းအား ( supremacy of human spirit ) ကိုပါ အသိအမှတ်ပြု ကျင်းပပေးနေလို့ပါဘဲ

အဲဒီစိတ်ဓါတ်ခွန်အားဟာ ဗဟုသုတပညာ ၊ စိတ်ခံစားမှု ၊ စီးပွားရေး စတာတွေထက် ပိုပြီး အရေးကြီး တယ်ဆိုတာရယ် .......၊ '' မသန်စွမ်းသူဆိုတာ တကယ့်တကယ် ကိုယ်ခန္ဒာချွတ်ယွင်းနေသူတွေကိုသာ ခေါ်တာ မဟုတ်ဘဲ အဲလို ချွတ်ယွင်းနေသူတွေကို ကရုဏာမေတ္တာ မထားနိုင်သူတွေကိုပါ ခေါ်တယ် '' ဆိုတာရယ်ကို လူကြီးမင်းတို့က ဒီကနေ ပြလိုက်တာပါဘဲ ။
မသန်းစွမ်းသူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေ ၊ နားလည်မှု မရှိတာတွေကို ကျမတို့အားလုံး အတူတကွ ကျော်လွှားနိုင်တယ်လို့ ဒီအခမ်းအနားကနေ သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ် ။ မသန်းစွမ်းမှုဆိုတာ ထာဝရ မကျော်လွှားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး ။ စိတ်ဓါတ်ဟာ ဘယ်လို မသန်စွမ်းမှုကိုမဆို ကျော်လွှားနိုင်စွမ်းရှိပါတယ် ။

ဒီနေ့ ကျမတို့တတွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ခွန်အား ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို     သာ အသိအမှတ်ပြုကျင်းပတာမဟုတ်ဘဲ လူသားတွေရဲ့စည်းလုံးမှု ဘယ်လောက်ကြီးမားတယ် ( The Supremacy of Human Solidarity ) ဆိုတာကိုလည်း အသိအမှတ်ပြုကျင်းပနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်ဘဲ ဒီအခမ်းအနားရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ '' Together we can '' ဆိုတာကနေ ကျမတို့တွေ    ဟာ အခွဲခြားခံရသူတွေ ၊ အားနည်းအောင်လုပ်ထားခြင်းခံရသူတွေကို တကမ္ဘာလုံးသိအောင်လှိုက်လှိုက် လှဲလှဲနဲ့ တညီတညွတ်ထဲ အကူအညီပေးနေကြတာ ၊ ဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။ တကယ်တော့ ဒီလူတွေကို သဘာဝတရားကြီးက အားနည်းအောင် လုပ်တာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းကိုယ်တိုင်က ခွဲခြားဆက်ဆံအားဖြင့် အားနည်းသိမ်ငယ်အောင် လုပ်ထားတာပါ ။ သူတို့ကို အားနည်းသူ အဖြစ် သတ်မှတ်ထားကြတယ် ၊ သူတို့ရဲ့ အားသာချက်ကို အရေးမပေးဘဲ သူတို့ရဲ့ အားနည်းချက်အပေါ် အာရုံထားခြင်းအားဖြင့် အားနည်းအောင် လုပ်ထားကြတာ ဖြစ်ပါတယ်။

ဒီအိုလံပစ်ပွဲတော်ရဲ့ အခမ်းအနားမှုးက နိုင်တဲ့သူတွေထက် ရှုံးတဲ့သူတွေကို ဂုဏ်ပြုပေးမယ်ဆိုတော့ ကျမတစ်ခုကို သတိရမိပါတယ် ......တခါတုန်းက လူကြီးတွေနဲ့ ယှဉ်ပြိုင်ပြေးပြီး နောက်ဆုံးမှပန်းဝင်တဲ့ ကလေးတစ်ယောက်က '' ကျနော် နောက်ဆုံးက နိုင်တယ် '' လို့ ပြုံးပြုံးလေး ပြောလိုက်တာကိုပါ ။ ကျမကတော့ အဲဒါကို ကောင်းလိုက်တာလို့ဘဲ တွေးမိပါတယ်......ရှေ့ဆုံးက ရှုံးရှုံး ၊ နောက်ဆုံး ကဘဲ နိုင်နိုင် အရေးမကြီးလှပါဘူး ။ အဓိကကတော့ စိတ်ဓါတ်ပါဘဲ ။

လူကြီးမင်းတို့တွေ အခက်အခဲ အမျိုးမျိုးကို ဘယ်လိုကျော်လွှားအောင်မြင်ခဲ့တယ်ဆိုတာကို လမ်းညွှန်ပြသခြင်းအားဖြင့် ကျမတို့ တိုင်းပြည်မှာလည်း လူကြီးမင်းတို့ အများကြီး လာရောက် ကူညီပေးကြလိမ့်မယ်လို့ ကျမ မျှော်လင့်ယုံကြည်ပါတယ် ။ ဒါကြောင့်ဘဲ လူကြီးမင်းတို့ကို ကျမ ကျေးဇူးတင်စကားပြောလိုပါတယ်.......ကျမတို့ ဘ၀လမ်းမှာ တွေ့မယ့် အခက်အခဲတိုင်း ၊  ဒုက္ခတိုင်း ဟာ ကျော်လွှားလို့ ရတယ်ဆိုတာကို နားလည်စေတဲ့အတွက်ပါ ။ ကျေးဇူးအထူးတင်ပါ      တယ်။