Monday, January 21, 2013

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်ရည်ရွယ်သည့် ခရီးရှည်ချီတက်ပွဲ

















ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်ရည်ရွယ်သည့် ခရီးရှည်ချီတက်ပွဲကို ဇန်န၀ါရီလ ၂၁ရက်နေ့ နံနက်၇ နာရီခန့်က စတင်ချီတက်ပြီဖြစ်ကြောင်းသိရသည်
အဆိုပါချီတက်ပွဲတွင် ငြိမ်းချမ်းရေးမြတ်နိုးသူ ရဟန်းရှင်လူများပါဝင်လျှက် ရန်ကုန်မှ လိုင်ဇာ ကီလိုမီတာ ၁၃၀၀ (မိုင် ၇၀၀ခန့်) ခရီးကို ခြေလျင်ချီတက်ကြမည်ဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော်ကစခဲ့သည့် စစ်မီးမငြိမ်းသေးသောကြောင့် တိုင်းပြည်နှင့် ပြည်သူများ နှစ်နာဆုံးရုံးခဲ့ရပြီး စစ်ပွဲတွေကြောင့် ပြည်သူ      တွေ ဒုက္ခကြီးစွာ ရောက်နေရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်တွေ အပြစ်မဲ့တဲ့ပြည်သူတွေ ဓားစာခံ ဖြစ်နရခြင်းသည် ဆုတ်ယုတ်သော လက္ခာဖြစ်ပြီး နိုင်ငံတကာမှ တိုင်းပြည်မငြိမ်းချမ်းသော              သောကြောင့် ယုံကြည်မှု ကင်းမဲ့နေကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်လည်း အနှောက်          အယှက် အဟန့် အတားဖြစ်နေရသည်။ 
ထို့ ကြောင့် နှစ်ဦးနှစ်ဖက် ထင်သာမြင်သာရှိသော တွေ့ ဆုံဆွေးနွေးမှုများကို အဓိပ္ပါယ်ရှိရှိ မဆောင်ရွက်      နိုင်ပါက ဆုံးရှုံးမှုကြီးစွာဖြစ်စေကာ၊တိုင်းပြည်နှင့် ပြည်သူများလည်း လူ့ အခွင့်အရေးများ ဆုံးရုံးနေရပြီး          နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများလည်း လက်လွှတ်ဖွယ်ရာ ရှိနေကြောင်း ၊KIA KIO အနေဖြင့်လည်း ကချင် ပြည်သူများ၏ ဒုက္ခဆင်းရဲများ အသက်အိုးအိမ်ဆုံးရှုံးမှုများကို ဥပေက္ခာမပြုဘဲ ပြန်လည်စဉ်းစား      သင့်ပေသည်။ ပြည်သူလူထု၏ ဆန္ဒများကို အလေးထားဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
မြသိန်း