၂၀၁၃-၁-၂၆
ယနေ့ဇန်န၀ါရီလ ၂၅ ရက် သောကြာနေ့တွင် ဧရာဝတီတိုင်း၊ညောင်တုန်းမြို့မှ ပြည်သူများ၏ ဖိတ်ကြားချက်အရဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှကျောင်းသူကျောင်းသား အင်အား(၂၀)ကျော်သည်ကချင် ပြည်နယ်ရှိစစ်ဘေးသင့်ပြည်သူများ အတွက် ဧရာဝတီတိုင်း၊ညောင် တုန်း မြို့ရှိပြည်သူများထံသို့အလှူခံထွ က်ခဲ့ကြပါသည်။ယခုလိုအလှူခံနေကြသ ည်မှာ ယနေ့နှင့် ဆိုလျှင်(၄)ရက် တိုင်ရှိခဲ့ပြီဖြစ်ပြီး၊ ပထမ သုံးရက်ကို ရန်ကုန်မြို့ အတွင်းရှိမြို့နယ်များတွင်အလှူခံ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ပြင်ပသို့ ဖိတ်ကြားချက်အရ သွားရော က်အလှူခံခဲ့ခြင်းသည် ယနေ့ပထမဆုံး အကြိမ်ဖြစ်ပါသည်။နောက်ရက်များတွ င်လဲ ရန်ကုန်နှင့်တခြားဖိတ်ကြားထားသော နယ်မြို့များသို့ ဆက်လက်အလှူခံထွက်ရန်ရှိ သည်။ရရှိလာသော အလှူခံပစ္စည်းများကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသား၊ကျောင်းသူများကိုယ်တိုင်က ချင် ပြည်နယ်သို့သွားရောက်လှူဒါန် ကြ မည်ဖြစ်သည်။ယနေ့ညောင်တုန်းမြို့ သူ/ သားများ၏ စေတနာသဒ္ဒါတရားထက်သန်စွာ၊
ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ကျူး လှူဒါန်းခဲ့ကြသော အလှူငွေမှာလေးသိန်းခွဲ(၄၅၀၀၀၀)တိတိဖြစ်ပြီး စော င်၊ခြင်ထောင်နှင့်ဆေးဝါးပစ္စည်းတ စ်ချို့ကို လည်းအလှူခံရရှိခဲ့ကြပါသည်။ထို့ေ ကြာင့်ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကချင်စစ်ဘေးသင့်ပြည်သူများအတွက်(၄)ရက် တာအလှူခံရရှိခဲ့သောအလှူငွေမှာ တ စ်ဆယ့်ကိုးသိန်းကျော်(၁၉)သိန်းေ ကျာ်နှင့်အ၀တ်အထည် စောင်၊ခြင်ထောင်၊အသုံးအဆောင်ပစ္စည်းနှင့်ဆေးဝါးပစ္စည်းစုစုပေါင်းအထုပ်ပေါင်း( ၁၁၀)ရရှိထားပြီ ဖြစ်ပါသည်။ယနေ့တွ င်ကျွန်ုပ်တို့ဗကသများအဖွဲ့ချုပ်သို့အားတက်သရောလှူဒါန်းခဲ့ကြသောကာတွန်း ဦးဗဂျမ်း၏ဇာတိ မြို့သူ/ သားများ၏ကောင်းမွန်သောစေတနာနှင့် ပြည်ထောင်စုစိတ်ဓါတ်အား ဗကသများ အ ဖွဲ့ချုပ်ကျောင်းသား/ သူများက အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။အလှူခံရက်များလာသည့် အတွက်ပင်ပန်းနေကြသော်လည်း ယနေ့နေ့ချင်းပြန်ခရီးအပါအ၀င် အလှူခံရက်တိုင်းဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီ နှင့်အတူ မညီးမငြူလက်တွဲခဲ့သော် ရ န်ကုန်တောင်ပိုင်းခရိုင်ကျောင်း သားများသမဂ္ဂမှ ကျောင်းသားရဲဘော်များနှင့် အခြားတက္ကသိုလ်အသီးသီးမှ ကျောင်းသားရဲဘော်များအားလည်း အထူး ပင်ကျေးဇူးတင်ရှိပါကြောင်း မှတ် တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ဗဟိုလုပ်ငန်းကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်
ယနေ့ဇန်န၀ါရီလ ၂၅ ရက် သောကြာနေ့တွင် ဧရာဝတီတိုင်း၊ညောင်တုန်းမြို့မှ ပြည်သူများ၏ ဖိတ်ကြားချက်အရဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှကျောင်းသူကျောင်းသား အင်အား(၂၀)ကျော်သည်ကချင် ပြည်နယ်ရှိစစ်ဘေးသင့်ပြည်သူများ
ဗဟိုလုပ်ငန်းကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာ