Wednesday, January 30, 2013

လယ်သမားတွေ ထမင်းတနပ်ဘဲစားဖို့  လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်က ဓနုဖြူမြို့မှာ မိန့်ခွန်းပြောကြားရာ လယ်သမားများနှင့် ပြည်သူများက ကိုယ်ချင်းစာတရား ခေါင်းပါးသူအဖြစ် ဝေဖန်ခံနေရသည်

 ၂၀၁၃-၁-၃၀
လယ်သမားတွေကို ထမင်းတနပ်လျှော့ပြီး အကြွေးတွေ ဆပ်ကြဖို့  လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်က ဓနုဖြူမြို့မှာ မိန့်ခွန်းပြောကြားစဉ်မှာ ထည့်သွင်းပြောကြားခဲ့ကြောင်း ဒီအပတ်ထုတ် လူထုပုံရိပ်ဂျာနယ်မှာ သတင်းဖော်ပြလိုက်ပါတယ်။

အရှေ့ တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လယ်သမားတွေဟာ အဆင်းရဲဆုံးဖြစ်

ပြီး တနေ့ ဝင်ငွေ ၂ဒေါ်လာ( မြန်မာကျပ်ငွေ တထောင့်ငါးရာ) ခန့်သာရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရေကြီးမှူ အပါအ၀င် လယ်ယာသီးနှံ အထွက်တွေ ကျဆင်းခဲ့တဲ့အတွက် လယ်သမားအတော်များများဟာ အစိုးရနဲ့ ကုမ္ပဏီကြီးတွေက ချေးယူထားတဲ့ အမတော်ကြေးတွေကို
ပြန်မဆပ်နိုင်ဖြစ်နေကြပါတယ်။

အဲဒီအတွက်အဖမ်းခံရသူတွေ ရှိသလို ကုမ္ပဏီကြီးတွေက တရားစွဲဆိုတာကိုလည်း လယ်သမားတွေ ရင်ဆိုင်နေရပါတယ်။