Sunday, January 27, 2013

ဒေါ်အောင်ဆန်းစုကြည်။အမေရီကန်နိုင်ငံ ဟာဝိုင်ရီကျွန်း ဒေသခံကျောင်းသူကျောင်းသားများနှင့်တွေ.ဆုံပွဲမှပြောကြားချက်

 ၂၀၁၃-၁-၂၇
တွေ.ဆုံဆွေးနွေးမှုတွေကို ဘယ်လိုလုပ်ရမှန်းမသိသေးတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအတွက် ဒေါ်အောင်
ဆန်းစုကြည်၏ ပြောကြားချက် "နှစ်ဘက်ကြားဆွေးနွေးတယ်ပြောဆိုတယ်ဆိုတာ ကိုယ်လိုချင်တာ ချည်းပဲရဖို့ မဟုတ်ဘူး။အပေးအယူဆိုတာရှိတယ်။သူလည်းယူ-ကိုယ်လည်းယူ၊ကိုယ်လည်းပေး-သူလည်းပေး ဆိုတာမျိုးဖြစ်ရမယ်။ဒါမှ ညှိနှိုင်းဆွေးနွေးတဲ့ အပေးအယူဆိုတာဖြစ်လီမ့်မယ်။ဒါပေမဲ့ စစ်တပ်ကလူတွေနားလည်တဲ့ အပေးအယူဆိုတာ ငါကအကုန်ယူမယ် မင်းကအကုန်ပေး ဆိုတာမျိုးဖြစ်နေတယ်။ဒီနည်းနဲ့ တော့ဘယ်လိုမှ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး၊တိုက်ပွဲမှာသေရဲတိုက်ရဲမှ သတ္တိရှိတာမဟုတ်ဘူး စစ်ပွဲတွေရပ်သင့်ဖို့  ပြောတာလည်းသတ္တိလိုတာပဲ။ စစ်ပွဲတွေရပ်သင့်ပြီလို့  အပြောသင့်ဆုံးလူတွေကတော့ ဒီတိုက်ပွဲတွေ၊ဒီပဋိပက္ခတွေကို ဖန်တီးခဲ့တဲ့သူတွေ၊အဓွန်. ရှည်အောင် လုပ်ခဲ့တဲ့သူတွေကိုယ်တိုင်ပဲဖြစ်တယ်။သူတို့ တတွေအနေနဲ့ စစ်ပွဲတွေကိုရပ်ဖို့  သတ္တိရှိရှိမဆုံးဖြတ်နိုင် သ၍တော့ ငြိမ်းချမ်းရေးဆိုတာမရနိုင်ဘူး၊စစ်တပ်စိတ်၊စစ်တပ်နောက်ခံစိတ်ရှိနေတဲ့ သူတွေဟာ ညှိနှိုင်းဆွေးနွေးဖို့ အားမသန်သူတွေဖြစ်ပါတယ်"။ Htun Aung Gyaw