Monday, January 28, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ်လို့
ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တစ်ချို့အချက်တွေဟာ ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေတာကြောင့် ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြင်ဆင်နိုင်မယ်လို့လည်း မိမိအနေနဲ့    မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံဟာဝိုင်အီကျွန်းက ဆွေးနွေးပွဲမှာ ပြောလိုက်ပါ     တယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဟာဝိုင်အီပြည်နယ် အခြေစိုက် East-West center အဖွဲ့အစည်းက လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပရိသတ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို   ပြင်ဆင်နိုင်မလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ကြောင်း   ပြန်လည် ဆွေးနွေးခဲ့တာပါ။

http://www.rfa.org/burmese/news/2008-constitution-repair-01272013091411.html