၂၀၁၂-၁၂-၂၉
လူမှုဖွံ့ဖြိုးရေးလုပ်ငန်း(Civil society) များပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် အထောက်အကူ ရနိုင်သည်ဟု နာယက ဦးတင်ဦးမှ တောင်ကိုးရီးယားအမတ်များ အားပြောကြားခဲ့ပါသည်။
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ ၊ ယောင်ဂျီပြည်နယ်စုမှ ကိုးရီးယားဒီမိုကရေစီပါတီမှ လွှတ်တော်အမတ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးအား လာရောက်တွေ့ဆုံ၍ ဒီမိုကရေစီဖော်ဆောင်ရေး လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြသည်
။မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်တွင် တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်သော အရေးပါသည့် လူထုလှုပ်ရှားမှုကြီးပေါ်ပေါက်ခဲ့သလိုပင် တောင်ကိုးရီးယားနိုင်ငံတွင်လည်း ၁၉၈၀၊မေလ(၁၈) ရက်တွင် ကွန်မြူနစ်စနစ်ကို တော်လှန်သောဂွန်ဂျူးတော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး ယခုလာရောက် သော လွှတ်တော်အမတ်များသည် ဂွန်ဂျူးတော်လှန်ရေးတွင်ပါဝင်ခဲ့ သည့် ကျောင်းသားများ ဖြစ်သောကြောင့် NLDပါတီနှင့် ၎င်းတို့ပါတီ၏ အခြေအနေများသည် အတူတူပင်ဖြစ်ကြောင်း ယောင်ဂျီပြည်နယ်စုလွှတ်တော်ကိုယ် စားလှယ်တစ်ဦးမှ ဆွေးနွေးခဲ့သည်။
ယခုလက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီရရှိနေပြီဟုဆိုသော်လည်း အစစ်အမှန်မဖြစ်သေးကြောင်း၊ ဒီမိုကရေစီဖွံ့ဖြိုးသောနိုင်ငြံ ဖစ်လာစေရန် ဝိုင်းဝန်းကူညီလိုသောကြောင့် နာယကဦးတင်ဦး၏ သဘောထားမည်သို့ ရှိမည်ကို မေးမြန်းခဲ့သည်။
နာယကဦးတင်ဦးက အားလုံးပါဝင်လျှင် ဖြစ်နိုင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိ အခြေခံဥပဒေသည် ဒီမိုကရေစီနည်းမကျသောကြောင့် ပြန်လည်ပြင်ဆင်နိုင်ရန်နှင့် တိုင်းပြည်၏ လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရန်ကြိုးစားခြင်း မှာ နိုင်ငံရေးပါတီများ၏တာဝန်ဖြစ်ပြီး ပြည်သူလူထု အပိုင်း၌လည်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် တိုးတက်လာမည်ဖြစ်သောကြောင့် ကိုးရီးယားနိုင်ငံမှ လူမှုရေးအဖွဲ့များအနေဖြင့်မြန်မာ နိုင်ငံမှ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်စေလိုကြောင်း ပြောကြားခဲ့သည်။
တောင်ကိုးရီးယားနိုင်ငံမှလည်း ၁၉၈၀ခုနှစ်လှုပ်ရှားမှုပြီးနောက်ပိုင်း၌ အခွင့်အလမ်းနှင့်အကူအညီများ အားနိုင်ငံတကာမှ ရရှိလက်ခံခဲ့ပြီး စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ် ကြိုးစားတက်လှမ်းခဲ့ ရကြောင်း ။ ထို့ ကြောင့် ဦးတင်ဦးပြောသည်ကိုလက်ခံပါကြော င်းနှင့် မြန်မာနိုင်ငံတွင်လည်း လူမှုအထောက်အကူပြုလုပ်ငန်းများ တိုးတက်လာအောင်ကူညီနိုင်ရန်ကြိုးစားပါမည်ဟု ဂတိပေးပြောကြားခဲ့သည်။
လူမှုဖွံ့ဖြိုးရေးလုပ်ငန်း(Civil society) များပေါ်ပေါက်အောင် လုပ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် အထောက်အကူ ရနိုင်သည်ဟု နာယက ဦးတင်ဦးမှ တောင်ကိုးရီးယားအမတ်များ အားပြောကြားခဲ့ပါသည်။
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ ၊ ယောင်ဂျီပြည်နယ်စုမှ ကိုးရီးယားဒီမိုကရေစီပါတီမှ လွှတ်တော်အမတ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်န
။မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်တွင် တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်သော အရေးပါသည့် လူထုလှုပ်ရှားမှုကြီးပေ
ယခုလက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီရရှိနေပြီဟုဆိုသော်လည
နာယကဦးတင်ဦးက အားလုံးပါဝင်လျှင် ဖြစ်နိုင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိ အခြေခံဥပဒေသည် ဒီမိုကရေစီနည်းမကျသောကြောင့် ပြန်လည်ပြင်ဆင်နိုင်ရန်နှင့် တိုင်းပြည်၏ လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရန်ကြိုးစားခြင်း
တောင်ကိုးရီးယားနိုင်ငံမှလည်း ၁၉၈၀ခုနှစ်လှုပ်ရှားမှုပြီးနောက်ပ
