Monday, December 24, 2012

ခေတ်နဲ့ အညီပေါ်ထွန်းလာနေသော အမျိုးသမီး ခေါင်းဆောင်များ

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra in Thailand prime minister 
 ဘင်္ဂလားဒေ့  ၀န်ကြီးချုပ် Hasina sworn in Bangladesh prime minister
 ကိုရီးယား သမ္မတ Park Geun-hye in South Korea President
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲမှာ ခေတ်နဲ့ စနစ်တွေဟာ အမြဲတမ်းပြောင်းလဲနေတတ်ပါတယ်။
ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာတော့ လွတ်လပ်၍ တရားမျှတသော အခြေခံဥပဒေကို အခိုင်အမာရေးဆွဲထားပြီး ပြည်သူတွေရဲ့  ဆန္ဒနဲ့ အညီ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်လေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီတဲ့ ၂၀၀၈ အခြေခံဥပဒေကိုစစ်တပ်မှ   ရေးဆွဲခဲ့ပြီး သမ္မတ နေရာကို စစ်ရေးအတွေ့ အကြုံရှိဘူးသူမှ ရွေးချယ်ရမည်ဖြစ်သောကြောင့်
အမျိုးသမီး သမ္မတ ဖြစ်ဖို့ ဆိုရင် ဒီမိုကရေစီစံနှုန်းမမှီတဲ့ မတရားတဲ့ အခြေခံဥပဒေတွေကို အရင်ပြင်
ဆင်ဖို့ လိုအပ်နေသည်။ စစ်မှန်သည့်ဒီမိုကရေစီစံနစ်တွင် အာဏာသည်  ပြည်သူ့ ထံမှဆင်း သက်ရမည် ဖြစ်သောကြောင့် ပြည်သူတွေအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆို ရမည်ဖြစ်ပေသည်။၂၀၁၅ အတွက်ကြိုတင်ပြင်ဆင်ရမည်။
အရှေ့ တောင်အာရှနိုင်ငံများတွင် ခတ်နှင့်အညီပြောင်းလဲတိုးတက်လာနေပြီး ထိုင်း၊ကိုရီးယား၊ ဘင်္ဂလားဒေ့ နိုင်ငံများတွင် အမျိုးသမီးသမ္မတ၊၀န်ကြီးချုပ်များ ပေါ်ထွက်လာနေပြီး ဖွင့်ဖြိုးတိုးတက်   နေသည့် ကမ္ဘာကြီးတွင် အမျိုးသမီးသမ္မတများ အများအပြားရှိသည်။မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံနေသေးသည်။ကမ္ဘာနှင့်ယှဉ်လျှင် ခေတ်နောက်ကျနေသေးသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ထွန်းကားဖို့ နဲ့  တိုင်းပြည်တိုးတက်ဖို့ အတွက် အာဏာလိုချင်ရခြင်းနဲ့ သမ္မတလုပ်ရမယ်ဆိုလဲ လုပ်လိုသည့် ရွည်ရွယ်ချက်များကို ကျွန်းစုဒေသခံပြည်သူများကို ပြောတဲ့ မိန့်ခွန်းအတွင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။