Tuesday, December 18, 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒီမိုကရေစီဆုချီးမြှင့်

WASHINGTON —Aung San Suu Kyi will receive the 2012 Ion Ratiu Democracy Award, Jane Harman, president and director of the Wilson Center, announced today. Suu Kyi, will be honored with the prestigious award at a symposium in Yangon, co-hosted by the Wilson Center’s Global Women’s Leadership Initiative on January 15-16, 2013.

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu   ဂုဏ်ထူးဆောင် ဒီမိုကရေစီ ဆုချီးမြှင့်လိုက်တယ်လို့ အမေရိကန်အခြေစိုက် Wilson သုတေသနအဖွဲ့က  ကြေညာလိုက်ပါတယ်။   “The Ion Ratiu Democracy Award” ဆိုတဲ့ ဒီမိုကရေစီဂုဏ်ပြုဆုကို ကမ္ဘာတလွှား ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ စိတ်ကူးဥာဏ်ရည်၊ ကြံ့ကြံ့ခိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူတွေရဲ့ လက်ရုံးရည်၊ နှလုံးရည်တွေကို အသိအမှတ်ပြု ချီးမြှင့်လေ့ ရှိပါတယ်။  Romania နိုင်ငံရေးသမား      Ratiu ရဲ့ အမည်ကို ရည်ညွှန်းထားတဲ့ ဒီဆုကိုလာမယ့် လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို   ပေးအပ်ချီးမြှင့်ဖို့ရှိတယ်လို့ သိရပါတယ်။