၂၀၁၂-၁၂-၂၆
အစိုးရဌာနဆိုင်ရာ
အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ် တိုးတက် ကောင်းမွန်အောင်
ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် မိန့်ခွန်းပြောကြားရာ
တွင် “နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ
ကောင်းမွန်သော အုပ်ချုပ်မှုရှိမရှိ တိုင်းတာသော စံများအရ များစွာအားနည်း
နေသေးတာကို တွေ့ရှိရပါတယ်။ ကောင်းမွန်သော
အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုး တက်အောင် ဆောက်ရွက်ရမယ့် အချက်များနှင့်
လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြဖို့
မှာကြားလိုပါတယ် တားဆီးထိန်းသိမ်းရာမှာ လာဘ်ပေးသူရော လာဘ်ယူသူ ပါ
တာဝန်ရှိတဲ့အလျောက် အမျိုးသား အကျင့်စာရိတ္တ မထိခိုက်အောင်
ပြည်သူများအားလုံး ပါဝင်ထိန်းသိမ်း ပေးကြပါလို့ ပန်ကြားလိုပါတယ်။
ပြည်သူဘဏ္ဍာများကို ရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း
နိုင်ငံသားကောင်းများ အနေနဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ တစ်ဦးချင်း
တစ်ဌာနချင်း ကောင်းအောင် ပြုပြင်ဆောင်ရွက်သွားကြပြီး တိုင်းပြည်နဲ့
လူမျိုးရဲ့ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း
အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ပြန်လည်ကောင်းမွန်
အောင် စိတ်ဓာတ်ကောင်းကောင်းစည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို
စေတနာကောင်းကောင်းနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ရှိတဲ့ သန့်ရှင်းတဲ့
အစိုးရဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါလို့
တိုက်တွန်းပါတယ်” ဟု နိဂုံးချုပ် ပြောကြားခဲ့ပါသည်။
