Wednesday, December 26, 2012

တရုတ်ကုမ္ပဏီဖြစ်သော မြန်မာယမ်စီ(ကြေးနီသတ္ထု
တူးဖော်ရေး)မှ မိုင်းခွဲမှု ဒဏ်ကြောင့် ရှေးဟောင်းဘုရားများအက်ကွဲ

"တရုတ်ကုမ္ပဏီဖြစ်သော မြန်မာယမ်စီ(ကြေးနီသတ္ထုတူးဖော်ရေး)မြန်မာ့စီးပွား ရေးဦးပိုင်နှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းထားသော ကုမ္ပဏီတို့၏ မိုင်းခွဲမှု ဒဏ် ကြောင့် မြရိပ်ရွာ ဘုန်းတော် ကြီးကျောင်းမှ ရှေးဟောင်းဘုရားများအက်ကွဲ""(17-12-2012)နေ့ နေလည်(၁၂)နာရီခန့်က ခွဲတဲ့     မိုင်းက ဘုန်းကြီးတို့နေလာ ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါမှမကြုံဘူးအောင်ကို ပြင်ထန် လွန်းပါတယ်အရင်ရှေ့ကလုပ်သွားတဲ့ အိုင်ဗင်ဟိုးကုမ္ပဏီတုန်းကလည်း ဒီလိုပြင်းပြင်းထန် ထန်နဲ့ စည်းကမ်းမဲ့ မိုင်းခွဲတာမျိုးမကြုံခဲ့ပါဘူး။အခုတရုတ်နဲ့ ဦးပိုင်ကျမှ တွေ့ဘူ တယ်။မိုင်းခွဲတဲ့ ကိစ္စနဲ့ပတ်  သက်ပြီး မြရိပ်ရွာက ပြည်သူတွေကကလည်းလုံးဝ ကျေနပ်မှုမရှိဘူး။ ဘုန်းကြီးအနေနဲ့ရော ကျေးရွာအုပ်ချုပ်ရေးမှူးအနေနဲ့ပါ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံကို စာတင်ထားတယ်။ဒါပေမဲ့ လုံးဝ(လုံးဝ) ဂရု မစိုက်ဘူး ဘာတစ်ခုမှ အကြောင်းမပြန်ဘူး။ မိုင်းခွဲတဲ့ (17-12-2012)နေ့ကဆိုရင် ရေကြည်ပင်ရွာ အသက်ကြီး အဘွားအိုတစ်ဦးဆိုရင် သတိလစ်ပြီးမေ့ မျှောသွား တယ်။ကိုယ်တည်းတစ်ယောက် ကောင်းမှုရောက်ဖို့ လူအများဒုက္ခရောက်အောင် လုပ်တဲ့ စီးပွားရှာနည်းကတော့ မိုက်ရိုင်းလွန်းပါတယ်။
ရေပုပ်ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဘေးက ဆုတောင်းပြည့်ဘုရားဆိုရင် လည်း အက်ကွဲ သွာတယ်။ဦးပိုင်ကတည်ဆောက်ထားတဲ့ ယမ်းတိုက် ဂိုဒေါင်က လည်း ရွှေပန်းခိုင်ရွာနဲ့ အရမ်း နီးကပ်နေတယ်။ မတော်တစ်ဆ ယမ်းတိုက်တာ ပေါက်ကွဲမှုဖြစ်ရင် တစ်ရွာလုံး မီးလောင်တိုက်       သွင်းပြီး သတ်သလိုဖြစ်မယ်။ သေခြင်းဆိုးနဲ့သေကုန်မှာ။ သူတို့မသေပြီးရောဆိုပြီး အခုလိုလုပ်တာ      ဟာ လုံးဝ လူချင်းစာနာစိတ် ကင်းမဲ့ပါတယ်"ဟု မြရိပ်ရွာမှ ဆရာတော်တစ်ပါးကဆိုပါတယ်။

နှစ်ပေါင်း(၁၀၀)ကျော်ရှိနေပြီဖြစ်သော မြရိပ်ကျောင်းအတွင်းမှ ဘုးရားတစ်ဆူး၏   ကျောက်ထီးတော်အောက်ခြေ ကွဲအက်သွားသောပုံ။
ThanLarWaddy Times