Wednesday, December 19, 2012

ရဟန်းပျိုအဖွဲ့ ကြေငြာချက်ထုတ်

2012-12-19  
ဗုဒ္ဓသာဝက ရဟန်းပျိုအဖွဲ့ကနေ လက်ပံတောင်းတောင် သပိတ်အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ရန်ကုန်မြို့ ၃၆ လမ်း အလယ်ဘလောက်မှာရှိတဲ့ မြန်မာသတင်းများကွန်ယက်ရုံးခန်းမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သံဃာတော် ၂၁ ပါးဟာ မွန်းလွဲ ၁ နာရီကနေ ၂ နာရီခွဲ ဝန်းကျင်အထိ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ရာမှာ အချက် ၃ ချက်ပါ ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်သွားပါတယ်။