2012-12-14 မန္တလေးတိုင်းအတွင်း ကြေးနီတောင်အရေး သံဃာ့အထွေထွေသပိတ် ဆန္ဒထုတ်ဖော်မှုမှာ
ဝန်းရံပါဝင်ခဲ့သူ ဗကသမှ ၃ ဦး လူထုပုံရိပ်သတင်းထောက် ၁ ဦး
ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ အထက်ဗမာပြည် တာဝန်ခံ
ကိုသိန်းအောင်မြင့်အပါအဝင် ၅ ဦးကို အာဏာပိုင်တွေက ဒီကနေ့ည ၈း၃၀နာရီ
ဝန်းကျင်မှာ ဖမ်းဆီးသွားပါတယ်။ အဲဒီလိုလာရောက်ဖမ်းဆီးရာမှာ ဖမ်းဝရန်း
မပါဘူးလို့ သိရပါတယ်။ အလားတူ မုံရွာမှာ သံဃာတော်တွေနဲ့အတူ
ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုရဲရင့်ကျော်နဲ့ အန်တီနုဆိုသူကိုလည်း ဒီကနေ့ညမှာပဲ
ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၀၇
ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို Burma VJ Media မှ ဆက်သွယ်မေးမြန်းထားပါတယ်။