၂၀၁၂-၈-၁၉
ဘဘဦးကြည်မောင်(NLD အတွင်းရေးမှူးဟောင်း) ကွယ်လွန်ခြင်း (၈)နှစ်ပြည့် အမှတ်တရ အခမ်းအနားကို ၁၉၊၈၊၂၀၁၂ နေ့ နံနက် ၉း၀၀ မှ ၁၂း၀၀ အထိ ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်၌ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးနှင့် သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ကိုကိုကြီးစသော ၈၈မျိုးဆက်ကျောင်းသားများနှင့်ဧည့်ပရိသတ်ပေါင်း (၃၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြသည်။



