ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်
အစည်းအဝေး ၂၉ ရက်မြောက်နေ့တွင် ၁၉၄၅ ခုနှစ်၊ငွေတိုး
ချထားသူများ အက်ဥပဒေ
အရ တရားဝင် မှတ်ပုံတင်ခြင်းမပြုဘဲ တရားမ၀င်ငွေတိုးချစား သူအား
ဖော်ထုတ်အရေးယူရန် နှင့် ဆင်ရဲသားများအားလိမ်လည် တရားစွဲဆိုခံရခြင်းကို
ကာကွယ်ပေးမည့် အစီစဉ် ရှိ မရှိကို သာကေတမဲဆန္ဒနယ်မှ
ဦးမောင်မောင်စိုးကမေးမြန်း ရာ ပြည်ထောင်စုအဆင့်မှ ဘဏ္ဍာအခွန် ဒုဝန် ကြီး ဦးဝင်းရှိန်က တရားမ၀င်ငွေတိုးချေးစား သူများအား သက်ဆိုရာ နည်းဥဒေ အရ ထောင်ဒဏ်၊ငွေဒဏ်များချမှတ်ေ ပးလျက်ရှိပြီး ဖော်ထုတ်တိုင်ကြားလာပါက ပြည်သူလူထုအားကာကွယ်ပေးထားေ ကြာင်း
ပြန်လည်
ဖြေကြားခဲ့သည်။ ထို့ပြင် ဦးသိန်းဆွေ (အမ်းမဲဆန္ဒနယ်)၏
"ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းပြီးသည့် ဥပဒေများကို
ယင်းဥပဒေနှင့်သတ်ဆိုင်သည် နည်း ဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းသည် နိုင်ငံတော်
သမ္မတလက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာပြီးနေ့မှ ရက်ပေါင်း ၉၀ သို့မဟုတ်
လွှတ်တော် က သတ်မှတ်သည့် ရက် အတွင်းထုတ်ပြန်ပြီးဖြစ်ရန် သက်ဆိုင်ရာ ပြည်
ထောင်စုအဆင့် အဖွဲ့အစည်းများသို့တိုက်တွန်းကြောင်း"
အဆိုကိုကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီး လွှတ်တော်မှ အဆုံးအဖြတ်ရယူရာတွင်
ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းမှ ဒုတိယရှေ့ နေချုပ် ဦးထွန်းထွန်းဦးက
ယခင်ပြဌာန်းခဲ့သော ဥပဒေများကို ကိုးကားရွေ့၎င်းအဆိုအား မှတ်တမ်း အဖြစ်သာ ထားရှိရန် ပြောကြားခဲ့သည်။ထို့ပြင် အဆိုရှင် ဦးသိန်းဆွေ က
မှတ်တမ်းထားမည့် အစား ပြည်သူ့လွှတ်တော်၏ အဆုံးဖြတ်ကိုယူမည်ဟု ထပ်မံပြောကြား ခဲ့သောေ ကြာင့် ပြည်သူ့လွှတ်တော် ကမဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ၂၇၃မဲ ၊ ကန့်ကွက်မဲ ၆၈ နှင့် ဦးသိန်းဆွေ၏ အဆို အနိုင်ရရှိခဲ့သည်။ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ယင်းအဆိုအတည် ဖြစ်ကြောင်းကြေညာခဲ့သည်။
မှတ်တမ်းထားမည့် အစား ပြည်သူ့လွှတ်တော်၏ အဆုံးဖြတ်ကိုယူမည်ဟု ထပ်မံပြောကြား ခဲ့သောေ ကြာင့် ပြည်သူ့လွှတ်တော် ကမဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ၂၇၃မဲ ၊ ကန့်ကွက်မဲ ၆၈ နှင့် ဦးသိန်းဆွေ၏ အဆို အနိုင်ရရှိခဲ့သည်။ထို့ကြောင
