Tuesday, August 14, 2012

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများ
အကျိုးဆောင်ကွန်ယက်


   သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ဒုတိယ ၀ါဆို လပြည့်ကျော် (၁၀) ရက်နေ့ 
( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက် ) 

 မိုးထိမိုးမိဒေသ၊ ရမည်းသင်းမြို့နယ် ရွှေတူးဖော်ရေးလုပ်ငန်းများလုပ်
ကိုင်လျှက်ရှိသော မိုးထိမိုးမိတောင်ပေါ် တွင် နိုင်ငံတော်ကာကွယ်ရေးဝတ်စုံ(ပျောက်ကျားဝတ်စုံ)
များကို ဝတ်ဆင်ပြီး တုတ်(ရာဘာနံပါတ်တုတ်၊ ဝါးရင်းတုတ်)၊ ဓါး၊ လက်ထိပ်များတပ်ဆင်ထား
သော အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီလီမီတက်မှ ခေါ်ယူဖွဲ့စည်းထားသော
လှုပ်ရှားတပ်ဖွဲ့ (အင်အား-၁၀၀-ခန့်) သည် ရွှေလုပ်ငန်းများပြန်လည်လုပ်ကိုင်ရန်စောင့် ဆိုင်း
နေသော ရွှေလုပ်သားများ၏ နေအိမ်တဲများအတွင်းသို့ အတင်းဝင်ရောက်ရှာဖွေသိမ်းဆည်းနေ
ပါသည်။ထို သို့ရှာဖွေသိမ်းဆည်းရာတွင် ရှာဖွေစစ်ဆေးခွင့် စာရွက်စာတမ်းများ ပြသခြင်းမရှိသ
လို  နိုင်ငံတော်မှတရားဝင်ဖွဲ့ စည်းထားသော ပြည်သူ့ရဲဝန်ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ   နေရာချထားပေးထားသော ဈေးတန်း ရာအိမ်မှူး များ တစ်ဦးမှမပါဝင်ပါ။ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီသည် မိုးထိမိုးမိတောင်ပေါ်တွင် ၁၄.၆.၂၀၁၂ရက်နေ့        တွင်   ရွှေလုပ်သားများနှင့် နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေသလို ရွှေလုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများ            ကို ခြိမ်းခြောက်နေပါသည်။
မိုးထိမိုးမိတောင် ဇုံ-၉(ဘတ်ဖိုး)တွင် (၉.၈.၂၀၁၂)ရက်နေ့မြင်ကွင်းများ