၂၀၁၂-၈-၁၉
ပဲခူးတိုင်း၊က၀မြို့နယ်၊
အုန်းနှဲစံပြကျေးရွာတွင် သဘာဘေးနှင့် စီမံကိန်းဘေးတွေကြောင့် အိမ်ထောင်စုပေါင်း (၅၀၆)
စုနှင့်၊ လူဦးရေပေါင်း ၂၁၅၆-ယောက် အိုးပျက်၊အိမ်ပျက်လောက် အောင် ရေတွေနစ်မြုပ်ခြင်းကို
ခံခဲ့ရတဲ့ အတွက်ကြောင့် မိမိတို့၏ အိုးအိမ်များကိုစွန့်ခွါကာ ကယ်ဆယ်ရေးစခန်းများသို့
ပြေးရှောင်ကာနေထိုင်လာခဲ့ရ သည်မှာ ရက်ပေါင်း (၂၇ ) ရက်ရှိပြီ ဟု သိရှိရပါသည်။
အခုလို အုန်းနှဲစံပြကျေးရွာမှာ ရေဘေးသင့်ရတဲ့အကြောင်းကတော့
နှစ်ချက်ရှိသည်ဟု သိရှိရပါသည်။ ပထမအချက်ကတော့ စစ်တောင်းမြစ်ဘက်က လျှံတက်လာတဲ့ရေတွေကို
ရေတံ ခါး (၃၇) ပေါက်မှ (၄)ပေါက် သာဖွင့်ပေးထားပြီး စစ်တောင်းမြစ်နှင့်ရေတံခါးအကြား အုန်းနှဲ စံပြကျေးရွာအပါဝင်
ရွာပေါင်းများစွာအနားရှိ မြောင်းငယ်လေးတွေကို ဆယ်မြောင်းဝန်ကြီး ဌာနမှ ရေနုတ်မြောင်းကြီးတွေကို
မိုင်ပေါင်းများစွာ တူးထားသော ကြောင့်၎င်း၊ အောက်ခြေ အကျယ်ကို ပေ (၃၀) ဆီ၊ ထက်ချဲ့သောကြောင့်၎င်း၊
မြေကြီးကြီးပေါင်း ( ၄၀၁၃၀၀) ကျော်ကို စည်းမရှိ၊ ကမ်းမရှိတူးထားခဲ့သောကြောင့် ရေနုတ်မြောင်းတလျှောက်
ရွာများအားလုံးနှင့် လယ်ယာမြေ များကို ရေနစ်သတ်သလို ခံစားရသည်ဟု ဒေသခံရွာသူ၊ရာသားများအားလုံးက
တညီတညွတ်တည်း ပြောဆိုကြ ပါသည်။ ဒုတိယအချက်ကတော့- သဘာဝမိုးရွာသွန်းမှု၏ စီးဆင်းမှုမှန်သမျှလမ်းကြောင်းကို
ဆယ်မြောင်းဝန်း ကြီးမှ ပိတ်ပင်ထားသောကြောင့် အုန်းနှဲစံပြကျေးရွာအပါဝင် ရေနုတ်မြောင်းဘေးရှိ
ရွားများအားလုံး ရေဘေး ဒုက္ခရောက် ရသည်ဟု ပြောဆိုကြပါသည်။
ရေဘေးသင့်ဒုက္ခသည်များစွာကိုဒေသခံများနှင့်အဝေးရောက်အုန်းနှဲစံပြကျေးရွာသူ၊ရွာသား များ၊ကျောက်တန်း
ပတ္တမြားဆရာတော် ဦးသုန္ဒရနှင့်အဖွဲ့များ၊လူမှုရေးနှင့်နာရေးကူညီမှုအသင်း (အုန်းနှဲစံပြကျေးရွာ)မှ
စေတနာရှင် များကဦးဆောင်ပြီး ကြိုးစားကာစောင့်ရှောက်ပေးနေ ရကြောင်းကိုလည်း သိရှိရပါတယ်။
(အုန်းနှဲစံပြကျေးရွာ တစ်ရွာတည်း) ရေဘေးသင့် ဒုက္ခသည်များအတွက်ကိုတင် တစ်နပ်စာအတွက် ဆန်
(ဆယ်အိပ်) တိတိချက်ရပြီး
ချက်ပြီးသား ထမင်းနှင့်် ဟင်းလျာများကိုလည်း ရေဘေးသင့်ဒုက္ခသည်များနေထိုင်ရာ
ကုဿိန္နာရုံဘုရား ဓမ္မာရုံ သို့၎င်း၊ မိမိအိမ်များကို မစွန့်ခွါဘဲ အိမ်ပေါ်တင် စင်လုပ်၍နေသော
အိမ်အသီးသီးသို့၎င်း ဒေသခံ စေတနာရှင် ရွာသူ၊ရွာသားများမှ စက်လှေအသီးသီးဖြင့် တစ်အိမ်တက်ဆင်းနေ့စဉ်ဆောင်ရွက်ပေးပို့နိုင်ခဲ့သည်မှာလည်း
၁၇-၈-၂၀၁၂နေ့မှာဆိုရင် (၁၃) ရက်မြှောက်ရှိခဲ့ပြီဟု ရေဘေးသင့်ဒုက္ခသည်များကို အမြဲတမ်းဦးဆောင်ဆောင်ရွက်
ပေးနေသော ဒေသခံဦးထိုက်ဇော်လင်းမှ ပြောကြားပါသည်။
အခုလက်ရှိအခြေအနေမှာဆိုလို့ရှိရင်လည်း
အုန်းနှဲစံပြကျေးရွာမှာ တစ်အိမ်နဲ့တစ်အိမ် ကို သွားလည် မယ်ဆိုရင်တောင် လှေရှိမှပဲ အဆင်ပြေပါတယ်၊လှေမရှိရင်
ရေမကူးတတ်ရင် ဘယ်ကိုမှသွားလို့မရပါဘူး။ အရပ် ငါးပေကျော်တဲ့လူငယ်တွေ တစ်အိမ်နဲ့တစ်အိမ်ကိုကူးတာတောင်
ရေက ရင်ခေါင်းကိုကျော်ပါတယ်။ ကလေး-လူ ကြီး အားလုံးကအစ ဆယ်မြောင်းတူးတဲ့ လူတွေကြောင့်
သူတို့အခုလို ဒုက္ခရောက်ရတာဆိုပေမယ့်လည်း ယနေ့ ထိ ဆယ်မြောင်းပိုင်းဆိုင်ရာ ၀န်းထမ်းကအစ
ဝန်ကြီးပိုင်းအထိ လာရောက် တာဝန်ယူတာမျိုးလည်း မရှိသေး ကြောင်း ပြောဆိုကြပါတယ်။ အစိုးရပိုင်းဆိုင်ရာကလည်း ယနေ့ထိ
လာရောက်ပြီး ကူညီတာမျိုး၊
ထောက်ပံ့တာ မျိုးမရှိသေးပါကြောင်းလည်း ပြောဆိုကြပါတယ်။ စိမ်းလမ်းရေနုတ်မြောင်းစီမံ ကိန်းဟာ
စိမ်းလမ်းမှုတွေ ပပျောက် ပြီး ရွာကြီးရေနစ်နေလို့ ရွှံရောင်တွေပဲအရောင်ပေါက်နေတဲ့ အကြောင်း
ဆယ်မြောင်းကိုတာဝန်ယူထားတဲ့ ဆယ်မြောင်းဝန်ကြီးကို သိစေဖို့ အုန်းနှဲစံပြကျေးရွာသူ၊ကျေးရွားသားများမှ
သတင်းလိုင်းပေါ်ကနေ ဆန္ဒပြုလိုက် ပါတယ်။
ဆယ်မြောင်းဝန်ကြီးနှင့်
အစိုးရသမ္မတကြီးခင်ဗျာ…..
ကျနော်တို့
ရွာသူ ရွာသားတွေ မျှော်နေတာက ဘဘတို့ကို မျှော်နေတာပါခင်ဗျာ..။ အခုလာပြီး ကျနော်တို့
ရွာ သားတွေ ရေးဘေးထဲမှာ များစွာဒုက္ခရောက်နေတာကို မကြည့် ရက်လို့ လာကယ်တာက အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမှူးထားပြီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဒဂုံတောင်းပိုင်း မြို့နယ်ရုံးက လူငယ်တွေ၊ ဒဂုံတောင်ပိုင်း ရပ်ကျေးလူငယ်တွေ၊ ညီ-ကျင်း-ကော်၊
မြို့နယ်၊ တိုင်းအဖွဲ့ဝင်တွေ၊ ဒဂုံ
တောင်ပိုင်းက NLD-BG တာဝန်ခံ ကိုညီညီ ဦးဆောင်သော
လူငယ်တွေက ကျနော်တို့ဆီ ကို မိုးထဲရေထဲမှာ လာရောက်ပြီး လူကြီးမင်းတို့ကိုယ်စား ကျနော်တို့အတွက်
ဆန် (၁၅) အိပ်၊ ဆား (၂) အိပ်၊ အားလူးအိပ်များနှင့် အခြားသောမီးဖိုချောင်သုံးပစ္စည်းများနှင့်
ငွေသား ( ၄ ) သိန်းကျော်ကို (၁၇-၈-၂၀၁၂) နေ့က လှူဒါန်းသွား ပါတယ် ခင်ဗျာ…။

