၂၀၁၂-၆-၁၁
ရန်ကုန်တိုင်း၊ ဗိုတထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်၅၆၊၈၀။ Home

house of Media & Intertainment တွင်၊
Basic DocumentaryFilm Course
ကို 9-6-2012 နေ့ ၉း၀၀ မှ စတင်ကာ လူငယ်ဒါရိုက်တာများဖြစ်ကြသော
မကြည်ဖြူသျှင်၊ ကိုအောင်ကို ( မိုးသွန်း)၊ ဘလော့ခ်ဂါဆရာ ကိုနေ ဘုန်းလတ်၊ ရုပ်ရှင်သရုပ်ဆောင်ကိုဇာဂနာ(ကိုသူရ)၊
ကိုဇော်သက်ထွေးတို့
ဦးစီးကာ ဖွင့်လှစ်ပေးနိုင်ခဲ့ ကြောင်းသိရှိရပါသည်။
အဆိုပါသင်တန်းသို့ပြည်ပသတင်းထောက်များနှင့်ပြည်တွင်းနယ်ဝေး၊နယ်နီးသတင်း
ထောက်များ၊မီဒီယာများ၊ ဓာတ်ပုံနှင့် ဗွီဒီယိုဝါသနာရှင်များဖြစ်ကြသောသင်တန်းသားနှစ် ဆယ်တက်ရောက်နိုင်ကြောင်း လည်း သိရှိရပါသည်။ သင်တန်းချိန်ကို နေ့စဉ် နံနက် ၉း၀၀
မှ ညနေ ၆း၀၀ ထိ ဆယ်ရက်တိတိ သင်ကြားပေးသွားမည်ဆိုသည်ကိုလည်းသိရှိရပါသည်။ တတ်ရောက်လာသော သင်တန်းသား၊ သင် တန်းသူတွေကိုတော့ ရုပ်ရှင်နယ်ပယ်က ကျွမ်းကျင်
သော ဒါရိုက်တာတွေကိုယ်တိုင်၊ ကင်မရာဆရာ တွေကိုယ်တိုင် လာရောက်ကာ စေတနာ
ထားပြီး သင်တန်းကြေးအခမဲ့ဖြင့် သင်ကြားပေးကြောင်းနှင့် ယခု တက်ရောက်နေသော သင်တန်းသားများထဲမှ ပရဟိတ၀ါသနာ ပါသော၊ သင်ကြားရေးကို စိတ်ဝင်စားသောလူငယ်များ
ကို သင်တန်းဆရာတွေ မှရွေးချယ်ကာ မြန်မာပြည်နယ်အသီးသီးသို့ စေလွှတ်ပြီး အလားတူ မီဒီယာသင်တန်းများကိုလည်း စီစဉ်ပေးသွားမည်ဟု ထိုသင်းတန်းတွင် တက်ရောက်သင် ကြားလေ့လာနေသော သင်တန်းသားတစ်ဦးမှပြောကြားကြောင်းသိရှိရပါသည်။