မြန်မာ့နိုင်ငံ၏ CMP လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံးပါဝင်သော
ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ နေ့လည် တစ်နာရီတွင် ရန်ကုန်မြို့Chatrium
ဟိုတယ်တွင် စတင် ကျင်းပ သည်။ ယင်းဆွေးနွေး ပွဲသို့
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော စက်မှုတစ်ဝန်ကြီး ဦးစိုးသိန်း၊
မီးရထားဝန်ကြီး၊ အလုပ်သမား ၀န်ကြီး နှင့် စီးပွားကူးသန်းဝန်ကြီး ၊
နိုင်ငံရေးပါတီများမှ NLD ပါတီအပါအ၀င် နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက်
ကျောင်းသားများမှ ကိုကိုကြီး စီးပွားရေးလုပ်ငန်း ရှင်များ ၊
အထည်ချုပ်လုပ်ငန်းရှင်များ ၊အလုပ်သမားကိုစားလှယ်များ နှင့်
ပညာရှင်များတက်ရောက်ကြကြောင်းယင်း အစည်းအဝေးပွဲတွင် သတင်းရယူနေသော THE
Messenger ဂျာနယ်၏ သတင်းထောက် မှ သတင်းပေးပို့သည်။
ရန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး နှင့် ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးတို့ကို မြန်မာ့နိုင်ငံ၏ CMP လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံးပါဝင်သော ဆွေးနွေးပွဲတွင်တွေ့ရစဉ်။
The Messenger News Journal