Monday, June 18, 2012

မွေးနေ့ဆုမွန် ၆၇

Inline image 3
မွေးနေ့ဆုမွန် ၆၇
ပြည်သူခပင်း၊ ကြောက်ရွံ့ခြင်းမှ
လွတ်ကင်းစေရန်၊ ကျင့်ကြံပြခဲ့
မတရားဥပဒေ၊ ပြင်ဆင်စေမှု
တရားဥပဒေ၊ စိုးမိုးစေရေး
လူ့အခွင့်ရေးတွေ၊ ချင့်တွေးပြည့်ဝ
ခံစားရစေ၊ အစဉ်ငြိမ်းချမ်းအောင်
မြော်ယောင်မှန်းရှုရည် …….
ကမ္ဘာ့အလယ်၊ ဆိုရှယ်အစုတွင်
နိုဘယ်ဆုရှင်လို့၊ ပေါ် ပေါ်လွင်လွင်
ထင်ထင်ရှားရှား၊ အများအချစ်ဝင်
ခုံမင်မြတ်နိုး၊ ချစ်မိုးပက်ဖျန်းခံ
ဒေါ်အောင်ဆန်းစုကြည် …….
ဤမွေးနေ့မှသည်၊ ကြံစည်ဆောင်သမျှ
အောင်ရမည်အမှန်၊ ဘေးရန်ကင်းရှင်း
ပြင်းပြဆန္ဒ၊  ပြည့်ဝကြွယ်စွာ
ကျန်းမာ ချမ်းသာ၊ ဝမ်းသာ လန်းဖြာ
စခန်းသာ မှန်းစွာ၊ လှမ်းမကွာ မြန်းကာ
ဖော်ဆောင်စွမ်းပြုအတည် …….
ကြိုင်လှမောင်မောင်
၂၀၁၂-၀၆-၁၇