၂၀၁၂-၆-၅ စည်သူ (လူထုအော်သံ)
ကျမမြေတွေကို
မတရား ကျူးကျော်သိမ်းပိုက်လိုက်တာက သူတို့….အခုတော့ မကျူးကျော်ရလို့ သူတို့က ပြန်ရေးထားတယ်..။
တော်တော်ကို ကျမဒေါသထွက်မိတယ်လို့ လယ်ဧက ၁၁.၆၃ကို အသိမ်းခံရတဲ့
ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာက ဒေါ်ခင်ခင်ထွေးက ပြောပြပါတယ်။
ဘိုးဘွားလက်ထပ်ကတည်းက
ဓါးဦးမချ လယ်ယာကို လုပ်ကိုင်လာတဲ့ ဒေါ်ခင်ခင်ထွေးရဲ့ လယ်မြေ
တွေကို ၁၉၉၄ မေလ ၂၇ ရက်နေ့မှာ
လှည်းကူးမြို့နယ် အင်းတိုင်အခြေစိုက် တပ်မ(၁၁)က ဗိုလ်ချုပ်ခင်မောင်သန်းက ငွေ၂သိန်း
၈သောင်း ၈ထောင် ၅ရာနဲ့ အတင်းအဓမ္မ မယူမနေရ အမိန့်ချ သိမ်းယူခဲ့ တယ်လို့ ရှင်းပြခဲ့ပါတယ်။
မိုးရွာတိုင်း
လယ်ကိုလွမ်းပြီး ငိုခဲ့ရတဲ့ ဒေါ်ခင်ခင်ထွေးဟာ ဒီလယ်တွေကို ပြန်ရဖို့ နိုင်ငံတော်သမ္မတကို
စာတင်ခဲ့ပါတယ်။ အထက်က စာကျလာပြီဖြစ်ကြောင်း ရုံးကခေါ်တွေ့ခဲ့ပြီး ကျနော်တို့ အဆင်ပြေအောင်
လုပ်ပေးပါမယ်လို့ ကတိပေးခဲ့ပြီး ၁လအကြာမှာ အခုလို ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း) တပ်မြေက
မကျူးကျော်ရ ဆိုတဲ့ ဆိုင်းပုဒ်ကြီးလာထောင်သွားတာပါလို့ ပြောပြပါတယ်။
အခုတော့ ဒီဆိုင်းပုဒ်ကြီးကို
ဆွဲတောင်နုတ်ပစ်လိုက်ချင်တော့တယ်တဲ့..။ ကောက်စိုက်ရမယ့် ရက်တွေကိုတော့ နောက်မဆုတ်တန်း
စောင့်နေပါဦးမယ်လို့ ပြောဆိုသွားပါတယ်။