Wednesday, June 6, 2012

ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်သတင်းစာရှင်းလင်းပွဲ


2012-6-6 Burma VJ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခု၊ ဇွန်လ၊(၆)ရက်နေ့နံနက်(၁၁)နာရီခွဲကအဖွဲ့ချုပ်ရုံးအစည်းအဝေးခမ်းမ၌ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သတ်ပြီးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ဥက္ကဌ ဒ်ါအောင်ဆန်းစုကြည်မှ သူမ၏ခရီးစဉ်     အတွက်အဆင်ပြေအောင်ဆောင်ရွက်ပေးခဲ့သော ထိုင်းအစိုးရ ထိုင်းပြည်သူများကိုအထူးကျေးဇူးတင်
ကြောင်းပြောကြား ခဲ့သည်။
 ပြည်ပခရီးစဉ်နှင့် ပတ်သက်၍ ကျေနပ်ကြောင်း၊ ကြိုဆိုမှုများမှာလည်း နွေးထွေးမှု ရှိပါကြောင်း၊
 မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် မကြာသေးမီရက်များက ဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေးနှင့် နောက်ကွယ်တွင် လှုံ့ဆော်သူများ ရှိ၊ မရှိ စိုးရိမ်မိကြောင်း၊ ပြည်သူများ ဒေါသကို အခြေခံ မဆောင်ရွက်ကြပါရန် ဇွန်လ ၆ ရက်နေ့ (ယနေ့) နံနက် ၁၁ နာရီ မိနစ် ၃၀ တွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သည့် ပြည်ပခရီးစဉ်အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။