Saturday, June 9, 2012

မိတ္ထီလာ လေတပ်လည်း အသင့်အနေအထား ပြင်ဆင်



နံနက်၊ ၀း၅၆ နာရီ၊ ဇွန်လ ၉ ရက်၊ ၂၀၁၂၊

မြန်မာနိုင်ငံတွင် ယခုတလော ဖြစ်ပွားနေသည့် လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုများသည်                 ထိုနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဒေအတွင်းနေထိုင်သူများအတွက် အသက်                    အန္တရယ်ပါ   ခြိမ်းခြောက်နေသောကြောင့် တိုင်းပြည် မတည်မငြိမ်အောင်လုပ်ဆောင်မှုသည်    လက်မခံနိုင်ပါ။
တာဝန်ရှိသူအစိုးရမှ ထိထိရောက်ရောက်ပြတ်ပြတ်သားသား ဖြေရှင်းပေးဖို့ လိုအပ်ပေသည်။
ဥပဒေစိုးမိုးမှုသည် အဓိကလိုအပ်နေပြီး အခင်းဖြစ်ပွားမှုများကို မှန်မှန်ကန်ကန်လေ့လာပြီး ဥပဒေအရ
အဖြစ်ဒဏ်ချမှတ်ကာ ဆောင်ရွက်မှသာ နောင်ဒီလိုအမှုခင်များ မဖြစ်ပွားအောင် ထိန်းသိမ်းနိုင်မည်ဖြစ်
သည်။
 နိုင်ငံ၏ လုံခြုံရေးနှင့်ပြည်သူများ၏ အသက်အန္တရယ်များကို ကာကွယ် စောင့်ရောက်ရန် တပ်မတော်
တွင်တာဝန်ရှိပြီး လိုအပ်လျှင် အင်အားသုံးဖြေရှင်းဖို့ လိုသည်။ မောင်တော နှင့် ဘူးသီးတောင်တို့တွင်   ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်အတူ နယ်စပ်လုံခြုံရေးအတွက် လိုအပ်လျင် အသုံးပြုနိုင်ရန် မိတ္ထီလာလေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ   လေတပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။