Monday, June 18, 2012

ဝါရင့်သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်း ကွယ်လွန်

 
2012-06-17
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း(အသက် ၇၁ နှစ်) ဟာ ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံမှာ မနေ့ ည ၁၁ နာရီခွဲလောက်က အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။သတင်းစာလောကအတွက် အလွန်ကြီးမားတဲ့ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ 
ဆရာလူထုဦးစိန်ဝင်းဟာ မြန်မာသတင်းစာလောကနဲ့ ပြည်သူတွေရဲ့  ဒီမိုကရေစီတိုက်ပွဲတွေမှာ   လူထုဘက်ကရပ်တည်ပေးခဲ့တာကြောင့် အများကလေးစားကြသူတဦးဖြစ်ပါတယ်။ 
ဆရာလူထုဦးစိန်ဝင်း ဘ၀တပါးပြောင်းကူသွားခဲ့ရာ ကောင်းရာသုဂတိ ရောက်ရှိပါစေလို့ လူထုအော်သံ မှဆုတောင်းမေတ္တာပို့  သလိုက်ပါတယ်။

U SEIN WIN