Monday, June 4, 2012

ရခိုင်အရေး ၈၈ မျိုးဆက်ကျောင်းသားများ
မေတ္တာရပ်ခံချက်ထုတ်ပြန်

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားလျှက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများမှ အချက် ၆ ချက်ပါ မေတ္တာရပ်ခံချက်တစ်ရပ် ယနေ့ ထုတ်ပြန် လိုက်သည်။အဆိုပါ မေတ္တာရပ်ခံချက်တွင် ရခိုင်ပြည် နယ်တွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး၊ အဓိကဂုဏ်းများ ကိုရပ်တန့်ပြီး   နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်များ၊ ဘာသာရေးခေါင်းေ ဆာင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး မေတ္တာကို အခြေခံပြီး ၀ိုင်းဝန်း ထိန်းသိမ်း   ဆောင်ရွက်ကြရန် တောင်းဆိုထားသည်။