Sunday, June 3, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ရှေ့ သို့ ချီ


 ၂၀၁၂-၆-၃
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်
၂၀၁၀ ခုနှစ် ၁၁ လပိုင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ
များပြုလုပ်ခဲ့ရာ သမ္မတ ဦးသိန်စိန်နှင့် တွေ့ ဆုံဆွေးနွေးရေးအပါအ၀င် နိုင်ငံတကာနှင့်သံတမန်ဆက် ဆံရေးများမြင့်တင်ခဲ့ပြီး အမေရိကန် ကလင်တန် နိုင်ငံခြားရေးဝန်ကြီးအပါအ၀င် နိုင်ငံတကာမှ နိုင်ငံခြား     ရေးဝန်ကြီးများနှင့် ထိပ်တန်းအရာရှိကြီးများ လာရောက်တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး   မြန်မာ့ဒီမိုကရေစီ အရေး
အားကောင်းလာစေရန် အကြံအညာဏ်များ ရယူကာ  ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် နိုင်ငံ
ရေးလမ်းကြောင်းကို ပြောင်းလဲမြင့်တင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပြန်လည်ဖွဲ့ စည်းကာလက်ရှိ အစိုးရမှ NLD၏ တောင်းဆိုမှုများကို လိုက်လျှောပေးခဲ့သောကြောင့် တရားဝင်ရပ်တည်နိုင်ရေးအတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။

ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မထင်မှတ်ဘဲ ၁၀၀%နီးပါး   အောင်နိုင်ခဲ့ခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် လွှတ်တော်အတွင်း ဒီမိုကရေစီနှင့်    ဥပဒေစိုးမိုးရေး ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူလူထု၏ တောင်းဆိုမှု များ ရရှိစေရန်
လွှတ်တော် တွင်းမှဆောင်ရွက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာဆက်ဆံရေး ပိုမိုအောင်မြင်ရန်အတွက်  ထိုင်းနိုင်ငံသို့ ရောက်   ရှိနေပြီး အရှေ့ အာရှ ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲသို့  တက်ရောက်ကာ မြန်မာနိုင်ငံ၏ အခြေအနေများ     ကို ရှင်းလင်းတင်ပြပြီး ကမ္ဘာ့နိုင်ငံများ မြန်မာနိုင်ငံတွင်ရင်းနှီးမြုတ်နှံဖို့ ဖိတ်ခေါ်ခဲ့ပြီး ထိုင်းနိုင်ငံမဲဆောက် ဒုက္ခသည် စခန်းများနှင့် နယ်စပ်ဒေသများကို လေ့လာကာ မြန်မာဒုက္ခသည်များကို ပို၍ကူညီပေးရန်    ထိုင်းအစိုးရနှင့် နိုင်ငံတကာကို တောင်းဆိုတိုက်တွန်းခဲ့ပြီး နိုင်ငံရေးအရ မြန်မာဒုက္ခသည်များ မိခင်နိုင်ငံ   ပြန်လာနိုင်ရေး အားပေးပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် သမ္မတနှင့်အစိုးရအဖွဲ့ မှလည်း ရှေ့ ဆက်သွားဖို့ သာရှိပြီး
ဘယ်နည်းနဲ့ မှ နောက်ကြောင်းမပြန်နိုင်ကြောင်း ကမ္ဘာကိုပြောကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်  ၏နိုင်ငံတကာဆက်ဆံရေး မြင့်တင်ရန်အတွက် အနောက်နိုင်ငံများကို ဒီလ ၁၄ ရက်နေ့ တွင် ထွက်ခွာဖို့   ရှိနေပြီး လက်ရှိတိုးတက်နေသော ဒီမိုကရေစီရေစီးကြောင်းကို နိုင်ငံသားများ၏ အားပေးထောက်ခံမှု  အရှိန်မြင့်တက်လာနေသည်နှင့်အမျှ ဒီမိုကရေစီဖွံ့ ဖြိုးတိုးတက်ရေး လမ်းကြောင်းများကို ရှာဖွေကာ   နိုင်ငံဖွင့်ဖြိုးရေးနှင့် အရည်အချင်းမြင့်တင်ရေး လုပ်ငန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဆောင်လျှက်ရှိနေပြီး ဒီမိုကရေစီအင်အား အားကောင်းလာစေရေးအတွက် ပါတီအသီးသီးနှင့်ပူးပေါင်း   ဆောင်ရွက်ရွက်ကာ လူထုအခြေပြုလုပ်ငန်းများ အကောင်အထည်ဖေါ်ရန် ဆွေးနွေးပွဲများနှင့် ဖွဲ့ စည်း တည်ထောင်မှု လုပ်ငန်းများကို မြင့်တင်လျှက်ရှိနေသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့  ရောက်ရှိနေပြီး ဦးဆောင်သူခေါင်းဆောင်များ၏ ရည်
မှန်းချက်ကို လေးစားစွာဖြင့် ရှေ့ သွားနောက်လိုက်ညီဖို့ လိုအပ်ပေသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်   ၏ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လူထုကြီးကို ဦးဆောင်ကာ စစ်မှန်သောဒီမိုကရေစီ လမ်းကြောင်း
ပေါ်သို့  နိုင်ငံတကာအင်အားကိုရယူကာ နည်းပညာတိုးတက်ရေးအတွက် လမ်းကြောင်း ဖေါ်ဆောင်ပေး   နေပြီး ပြည်သူလူထုကြီးမှလည်း အတူတကွ အားကြိုးမန်တက် လိုက်ပါဆောင်ရွက်နိုင်မှသာ တပြေးညီ
တိုးတက်အောင်မြင်မှု ရရှိလာမည်ဖြစ်သောကြောင့် ဒီမိုကရေစီအဆောက်အအုံ အမြစ်တွယ်စေဖို့  ပြည်
သူ့  အင်အားသည်အရေးကြီးသောကြောင့် ယနေ့ အချိန်သည်ပြည်သူတို့ ၏ ဒီမိုကရေစီပူးပေါင်းပါဝင်   ဆောင်ရွက်မှုများ တနေ့ ထက်တနေ့  အားကောင်းလာနေသည်ကို တွေ့ မြင်နေကြရသည်။