၂၀၁၂-၆-၄ စည်သူ(လူထုအော်သံ)
ရန်ကုန်မြို့
ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာတော့ ရှေ့နေပေါင်း ၁၀၀ကျော် တက်ရောက်ခဲ့တဲ့ “ ရှေ့နေများ
ကွန်ယက်မှ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်း ဆွေးနွေးပွဲကို
ပြီးခဲ့တဲ့ သောကြာနေ့မှာ ကျင်းပခဲ့ပါတယ်။
ဒီအခန်းအနားမှာ
-
၁။ တံဆိပ်ခေါင်းနှင့်
အခွန်နှုန်းထားများ တိုးမြှင့်သတ်မှတ်သည့် ကိစ္စ
၂။ တရားရုံးများ
အတွက် သီးသန့်ဆောက်လုပ်ထားပြီးသော အဆောက်အအုံများကို ဆက်လက် အသုံးပြုပေးရန်
( ရန်ကုန်တိုင်းတရားရုံး ပြန်လည်မွမ်းမံ အသုံးပြုရန်) ၊
၃။ မြန်မာနိုင်ငံရှေ့နေများကောင်စီကို
လွတ်လပ်သည့် အဖွဲ့အစည်းတရပ်အနေဖြင့် ဖွဲ့စည်းတည်
ထောင်ရန် ၊
၎။ ရှေ့နေများလိုင်စင်ထုတ်ပေးရေးနှင့်
နိုင်ငံရေးအရ လိုင်စင်ရုတ်သိမ်းခံထားရသော ရှေ့နေများကိစ္စ
၅။ အခြားဥပဒေရေးရာကိစ္စများကို
ဟောပြောဆွေးနွေးခဲ့သည်။
ဒီအခန်းအနားကို
အနယ်နယ်အရပ်ရပ်မှ ရှေ့နေ ၁၀၀ကျော် နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်
ဦးကိုကိုကြီး ၊ ပြည်တွင်းမီဒီယာများ နဲ့ ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ပါတယ်။