အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊NLD-BG လူငယ်များမှ၊ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ လေးဒေါင့် ကန်စံပြရပ်ကွက်ရှိပခန်းပိုင်း၊ တောင်ဘက်ကမ်းပိုင်း၊ဘောလုံးကွင်းပိုင်း၊အောင်မင်္ဂလာပိုင်း၊ ဘူတာပိုင်း၊ရွာလယ်ပိုင်းများတွင် ၀မ်းပျက်၊၀မ်းလျှောဖြစ်နေသော ဒေသခံများရှိရာသို့ သွားရောက်၍ ဓာတ်ဆားထုတ်များ၊သောက်ရေသန့်များ၊ဆပ်ပြာခဲများ၊ဆေးဝါးများကို ဝေဒနာရှင်များတည်ရှိရာအိမ် အသီးသီးသို့ NLD-BG တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ NLD-BG ကျန်းမာရေး တာဝန်ခံ ဒေါက်တာ ကျော်စွာဦးနှင့် NLD-BG လူငယ်များ၊ နောက် ဒေသခံ NLD-ရပ်ကျေး ဥက္ကဋ္ဌ ဦးအေးသွင်၊ရာအိမ်မှူး ကိုနေ၀င်း တို့နှင့်အတူ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။
ဒေသခံရာအိမ်မှူး ကိုနေ၀င်း၏ ပြောကြားချက်အရ-အခုလို ၀မ်းပျက် ၀မ်းလျှောတွေဖြစ်နေတာ တစ်ပတ်လောက်ရှိနေပြီး၊ထိုရောဂါဝေဒနာကြောင့်ပဲသေသွားတဲ့ဝေဒနာရှင်တွေရှိသလို၊ဆေးရုံအသီး
သီးသို့ တက်ရောက်ကုသနေသော ဝေဒနာရှင်များလည်းရှိသည်ဟုသိရှိရပါသည်။ ပိုဆိုးသည်မှာ ရပ်ကွက်တွင်းရှိ အိမ်တိုင်းအိမ်တိုင်း၌ ယင်လုံအိမ်သာမရှိလို့ယင်လုံအိမ်သာတစ်လုံးကိုမိသားစု များစွာက ခွဲဝေပြီး သုံးစွဲနေကြရတာက ဝေဒနာရှင်တွေအတွက် ၊အနီးနားမိသားစုတွေ အတွက် ဖြစ်နေဆဲဝေဒနာကို လက်ယက်ပြီး စိန်ခေါ်နေသလိုပဲဟုလည်းသိရှိရပါသည်။ ယနေ့ ညနေပိုင်း ၇း၂၀ အချိန် တစ်အိမ်ဆင်း၊တစ်အိမ်တက်ဝေဒနာရှင်များကို ကုသပြီးပြန်လာရာတွင် ရောဂါရရှိသူ ဦးရေမှာ အချိန်တိုင်း၊ မိနစ်တိုင်းဦးရေတိုးလာတဲ့အတွက်ကြောင့် ၁၀၀ ကျော်ခန့် ရှိနေပြီဟု သိရှိခဲ့ရ ပါသည်။
ထိုဒေသခံရာအိမ်းမှူးကိုနေ၀င်းကပဲတဆက်တည်းလေးဒေါင့်ကန်တိုက်နယ်ဆေးရုံ(စစ်မှုထမ်းဟောင်း၊ စိုက်/မွေး ဆေးရုံ)ဆရာဝန်က ရပ်ကွက်အတွင်း ထုံးတွေဖြူးပေးဖို့နှင့် ယင်လုံအိမ်သာတွေကိုစစ်ဆေး၊ ၀မ်းနူးမည့် အစားအသောက်များ မစားသောက်ဖို့အတွက်ကို ရပ်ကွက်အတွင်းဆင်းပြီး မှာကြာသွား သည်ဟုလည်းသိရှိရပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ NLD BGတာဝန်ခံ ဒါရိုက်တာကလက်ရှိခံစားနေ ကြရသော ဝေဒနာရှင်များ အမြန်သက်သာလာနိုင်ဖို့အတွက် ယင်လုံ အိမ်သာများ အိမ်တိုင်းရရှိရေးနှင့် ဝေဒနာရှင် များအတွက် ဆေးဝါးများ၊ သောက်ရေသန့်များ၊ ဆပ်ပြာ များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD-BG နှင့် ပူးပေါင်း၍ လှူဒါန်းလိုလျင် အောက်ပါလိပ်စာ အတိုင်း ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်းကို သိရှိရပါသည်။
အမှတ် (၈၃၉၊ခ။) မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။ ကျန်းမာရေးမှတ်တိုင်။ ဖုန်း-၀၉-၇၃၁၂၅၈၈၅။ ၀၉-၄၉၃၂၈၀၅၅။ ၀၉-၄၂၁၀၈၀၃၆၁။
သတင်း၊ဓာတ်ပုံ။ ။ လင်းဆက်