Wednesday, May 23, 2012

ရေ မီး ပုံမှန်ရရှိရေး ရန်ကုန် မန္တလေး မုံရွာ စသည့်မြို့ ကြီးတွေမှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆို


ည ၈ နာရီခွဲခန့်တွင် ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးစုဝေးနေကြသည့် ဖယောင်းတိုင်ကိုင်
ဆန္ဒဖော်ထုတ်သူများက ““မီးလင်းပါစေ””ဟူသည့် ကြွေးကြော်သံများကို အော်ဟစ်၍ လမ်းမပေါ်သို့ တိုးထွက်လာကြသဖြင့် ရဲတပ်သားများက လူအုပ်ကို တားဆီး၍ နောက်ပြန်ဆုတ်စေခဲ့သည်။ သို့တိုင်အောင် ကြွေးကြော်သံများမှာ ညကိုးနာရီခန့်အထိ ဆက်လက်ပေါ်ထွက်နေဆဲဖြစ်ပြီး လက်ခုပ်သံများမှာလည်း တဖြောင်းဖြောင်းပင်ဖြစ်သည်။ 
ရေ မီး ပုံမှန်ရရှိရေး ရန်ကုန် မန္တလေး စသည့်မြို့ ကြီးတွေမှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆိုကြမည်ဟု
သိရှိရပြီး တခြားမြို့ ငယ်လေးများတွင်လည် ငြိမ်းချမ်းစွာတောင်ဆိုမှုများ လုပ်လာနိုင်သည်ဟု သိရှိရ
သည်။အစိုးရအနေဖြင့် ပြည်သူတွေ၏ စားဝတ်နေရေးအခက်အခဲများကို ပြေလည်အောင်ဖြေရှင်းမ
ပေးပါက ထိုပြဿနာသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးထွားလာနိုင်သည်။