Thursday, May 24, 2012

ရန်ကုန်တိုင်းရဲချုပ်မှ လူ ၅ ဦးထက်ပိုစုရင် ဖမ်းဆီးမည်ဟုထုတ်ပြန်


ဆူးလေဂုံးကျော်တံတားကို ဖြတ်ကျော်ကာ စီတန်းလှည့်လည်လာကြသော လျှပ်စစ်မီးရရှိရေးဒုတိယနေ့ဆန္ဒဖော်ထုတ်သူများ။ဆူးလေဂုံးကျော်တံတားအောက်တွင် လမ်းပိတ်စောင့်ဆိုင်းနေကြသော ရဲတပ်ဖွဲ့ ၀င်များတွေ့ ရပြီး ရဲချုပ်မှ လူ ၅ ဦးထက်ပိုမစုရဟု ဆန္ဒပြသူများကို ထုတ်ပြန်ချက်ထုတ်၍ တားမြစ်ခဲ့   ခြင်းသည်အာဏာရှင်စနစ် ပြန်အသက်ဝင်လာစေသော ရဲချုပ်၏ အမိန့် သည် ဒီမိုကရေစီနှင့် လူ့ အခွင့်
အရေး အခြေခံများကို ခြိမ်းခြောက်ရာရောက်နေသည်။ မြန်မာနိုင်ငံတွင် ပြည်သူများ၏ စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် ဥပဒေစိုးမိုးရေးတို့ အတွက် ပြည်သူများက ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြသည်တွေ့ မြင်
နေရပြီး မတရားတဲ့ဥပဒေတွေကို ဆန့် ကျင်ရမည်။ဒီမိုကရေစီတွင် ပြည်သူများက မိမိတို့ ၏ ဆန္ဒများကို
ဖေါ်ထုတ်ပိုင်ခွင့်ရှိပြီး ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မှုများနှင့် လူ့ အခွင့်အရေးများကို လွတ်လပ်စွာတောင်း
ဆိုခြင်းသည် ဒီမိုကရေစီ၏ အခြေခံအခွင့်အရေးများဖြစ်သည်။