Friday, May 25, 2012

၁၈ ကြိမ်မြောက် အာရှ နိုင်ငံများရင်းနှီးဆက်ဆံရေး ဆွေးနွေးပွဲ

 ၁၈ ကြိမ်မြောက် အာရှ နိုင်ငံတကာရင်းနှီးဆက်ဆံရေး ဆွေးနွေးပွဲ 

 မြန်မာ စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချီရို ဂန်ဘာ
တွေ့ ဆုံနှုတ်ဆက်

၂၀၁၂-၅-၂၅
 ၁၈ ကြိမ်မြောက် အာရှ နိုင်ငံများရင်းနှီးဆက်ဆံရေး ဆွေးနွေးပွဲသို့  မြန်မာနိုင်ငံမှ စက်မှုဝန်ကြီး
ဦးစိုးသိန်း တက်ရောက်လာပြီး ဂျပန်နိုင်ငံ ၀န်ကြီးချုပ် နိုတာ ယိုရှိဟိကို မှ နှုတ်ခွန်ဆက်အမှာစကား
ပြောကြားခဲ့သည်။ စင်ကာင်္ပူ ၀န်ကြီးချုပ်ဟောင်း လီကွန်ယုနှင့် မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီ
မိုဟာမက် တို့ တက်ရောက်လာသည်။


ဂျပန် ၀န်ကြီးချုပ် နိုတာ ယိုရှိဟိကိုက နိုင်ငံတကာမှ တက်ရောက်လာကြသော ၀န်ကြီးချုပ်ဟောင်းများ
၏ နိုင်ငံရေး စီးပွားရေးများကို လက်တွေ့ လုပ်ဆောင်လာကြသူများ၏ ရှေ့ တွင် အာဆီယံ အနာဂတ်နှင့်
ဂျပန်နိုင်ငံ၏ လုပ်ဆောင်မှုများကို ပြောဆိုခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းသာ ကြည်နှုးမိပါသည်။

ပထမဦးစွာ ဂျပန်နိုင်ငံ၏ ဆုနာမိတွင် နိုင်ငံအသီးသီးမှ အားပေးစကားများ  ကူညီမှုများ ရရှိခဲ့သည့်
အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါသည်။ဆုနာမိဖြစ်ပြီး ၁နှစ်အတွင်း ထိခိုက်
ပျက်ဆီးမှုများပြင်ဆင်ခြင်း ပြန်လည်ထူထောင်ရေးများကို ပြုလုပ်နေသော ကာလဖြစ်ပြီး အလင်း
ရောင်များလည်း မြင်တွေ့ လာနေပြီဖြစ်ပါသည်။

ဆုနာမိဖြစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ကျဆင်းခဲ့ရသော်လည်း ပြန်လည်ထုထောင်
ရေး အားကောင်မှုကြောင့် ပထမ ၃လပါတ် ထုတ်ပြန်ချက်ထက် GDP သည် ၄.၁ %တိုးတက်လာသည်
ကိုတွေ့ ရပါသည်။ဂျပန်ပစည်းများ သွင်းကုန် ထွက်ကုန်ကို နိုင်ငံတကာမှ ပြန်လည်ပြင်ဆင်ပေးခြင်း
ယခုအထိ ပိတ်ပင်ထားသောနိုင်ငံများအား လက်ရှိအခြေအနေအရ ပြန်လည်ပြင်ဆင်ပေးဖို့  မျှော်လင့်
နေပါသည်ဟုပြောဆိုခဲ့သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများ၏ တိုး
တက်မှုကို မျှော်လင့်နေပါသည်။အဆီယံနိုင်ငံများ နယ်မြေလုံခြုံရေး စည်းမျဉ်စည်းကမ်းများ အာဆီယံ
တည်ငြိမ်ရေးနှင့် အာမခံမှုများကို မြှင့်တင်၍ အာဆီယံတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်
ဟု ပြောဆိုခဲ့သည်။